တရုတ်ဖုန်းကုမ္ပဏီ realme ဟာ လာမယ့် ဇန်နဝါရီလဆန်းပိုင်းမှာ realme GT Neo 5 နဲ့အတူ ကမ္ဘာ့အမြန်ဆုံး အားသွင်းနည်းပညာသစ်ကို မိတ်ဆက်ပြသသွားဖို့ ရှိပါတယ်။
realme အနေနဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ကုမ္ပဏီရဲ့ 240W Charging နည်းပညာသစ်ကို မိတ်ဆက်မယ့်အကြောင်း Weibo လူမှုကွန်ရက်ပေါ်မှာ အတည်ပြုလိုက်တာပါ။ လက်ရှိစမတ်ဖုန်းတွေထဲမှာ 210W Charging ပါဝင်တဲ့ Xiaomi Redmi Note 12 Explorer ဟာ ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာဖုန်းဖြစ်ပြီး ဒီစံချိန်ကို realme ရဲ့ အသစ်ထွက်လာမယ့် GT Neo 5 က ကျော်တက်တော့မှာ ဖြစ်ပါတယ်။
Photo: GSMArena
ထွက်ရှိထားတဲ့ realme အမှတ်တံဆိပ်စမတ်ဖုန်းတွေထဲမှာ realme GT Neo 150W ဟာ အမြန်ဆုံးအားသွင်းစနစ်ပါ ဖုန်းဖြစ်ပြီး 4500mAh ဘက်ထရီ နဲ့ 150W Charging စနစ်နဲ့ လာပါတယ်။ GT Neo 3 ကို ဘက်ထရီပါဝါ 5000 mAh ၊ 80W Charging ဗားရှင်းလည်း ထွက်ထားပါတယ်။
240W Fast Charging သုံးလာမယ့် realme GT Neo 5 မှာတော့ 4600mAh ဘက်ထရီဆဲလ် ပါရှိပြီး 5000mAh ဘက်ထရီပါ 150W Charging မော်ဒယ်လည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ 240W Fast Charging စနစ်သုံး realme GT Neo 5 ဟာ Snapdragon 8+ Gen 1 SoC နဲ့ လာပြီး 150W Charging မော်ဒယ်မှာ Dimensity 8200 Chip သုံးသွားဖို့ ရှိပါတယ်။
Photo: GSMArena
realme GT Neo 5 ဟာ မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ AMOLED Display ပါရှိပြီး 2772 x 1240px ၊ 144Hz Refresh Rate နဲ့ 2160 PWM Dimming စနစ်တို့လည်း ထည့်သွင်းလာနိုင်ပါတယ်။ ကင်မရာပိုင်းမှာ ၀.၆ ဆကနေ အဆ ၂၀ အထိ 20x zoom ဆွဲနိုင်ပြီး OIS ရုပ်ငြိမ်စနစ်လည်း ပံ့ပိုးထားတဲ့ 50MP IMX890 main Camera နဲ့အတူ အရန်ကင်မရာ ၂ လုံး သုံးသွားမယ်လို့ သတင်းကြားထားပါတယ်။
ဒီဖုန်းနဲ့ 240W အားသွင်းနည်းပညာအကြောင်းကိုတော့ ဇန်နဝါရီလဆန်းပိုင်းမှာ အပြည့်အစုံ ကြားသိရတော့မှာ ဖြစ်ပါတယ်။