OnePlus Ace ရဲ့ Global ဗားရှင်းဖြစ်တဲ့ OnePlus 10R ကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
OnePlus 10R ဟာ ပြီးခဲ့တဲ့တစ်ပတ်က တရုတ်မှာ OnePlus Ace နာမည်နဲ့ ကြေညာသွားတဲ့ဖုန်းကို ကမ္ဘာ့ဈေးကွက်အတွက် နာမည်ပြောင်းထုတ်လိုက်တာ ဖြစ်ပြီး အားသွင်းမှုနှုန်း နဲ့ ဘက်ထရီပါဝါ ဗားရှင်းနှစ်မျိုးနဲ့ လာပါတယ်။ 80W Charging မော်ဒယ်ဟာ ဘက်ထရီပါဝါ ပိုကြီးပြီး ဈေးလည်း ပိုသက်သာပါတယ်။ ကျန်တဲ့ ဒီဇိုင်း ၊ Processor နဲ့ Hardware Specs တွေမှာတော့ အတူတူပဲ ဖြစ်ပါတယ်။
150W SuperVOOC Endurance Edition ဟာ 4500 mAh ဘက်ထရီသုံးထားပြီး 150W USB-C Charger တစ်ခု ပါရှိပါတယ်။ ဘက်ထရီအားအပြည့်သွင်းဖို့အတွက် ၁၇ မိနစ်ပဲ အချိန်ယူမယ်လို့ ကုမ္ပဏီက ကြော်ငြာထားတဲ့ မော်ဒယ်ပါ။ ပုံမှန် 80W SuperVOOC စနစ်သုံး ဗားရှင်းမှာတော့ 5000mAh ဘက်ထရီ ပါရှိပြီး ၁% ကနေ ၁၀၀% အပြည့်သွင်းနိုင်ဖို့ ၃၂ မိနစ် ကြာမယ်လို့ ဆိုပါတယ်။
OnePlus 10R ဗားရှင်းနှစ်မျိုးစလုံးမှာ အားသွင်းစနစ်ဘေးကင်းဖို့ Customized Smart Charging Chip နဲ့ လာပါတယ်။ Super Fast Charging ကြောင့် ဖုန်းဘက်ထရီထိခိုက်မှာ စိုးရိမ်နေသူတွေအတွက် ဒီနည်းပညာက ဖုန်းအားသွင်းရာမှာ ဘေးကင်းစေမှာပါ။ 150W Endurance Edition မှာ Charge Cycles ၁၆၀၀ ကြာတဲ့နောက် ဘက်ထရီစွမ်းရည်ကို ၈၀% ထိန်းထားနိုင်မယ်လို့ဆိုပါတယ်။
Processor ပိုင်းမှာ OnePlus အတွက် သီးသန့်ထုတ်ထားတဲ့ MediaTek Dimensity 8100 Max နဲ့ လာပြီး RAM 8GB/12GB ၊ UFS 3.1 256GB Storage အထိ ထွက်ထားပါတယ်။ 3D Pssive Cooling System အကြီးစားနဲ့လာပြီး ၆.၇ လက်မ AMOLED Display ၊ 120Hz Adaptive Refresh Rate သုံးထားပါတယ်။ ကျောဘက်မှာ stablized lens ပါ 50MP Sony IMX766 Sensor ၊ 8MP Ultrawide ၊ 2MP Macro Lens တို့ ပါရှိပြီး ရှေ့ 16MP Selfie ကင်မရာနဲ့လာပါတယ်။
Android 12 အခြေခံ OxygenOs 12.1 စနစ် သုံးထားပြီး majorOS Update ၃ ခု နဲ့ Security Patch နှစ် ထောက်ပံ့သွားမှာပါ။ 80W ဗားရှင်း 8/128GB မော်ဒယ်ကို ၃၈၉၉၉ ရူပီး (မြန်မာငွေ ၉ သိန်းခွဲ) နဲ့ 12/256GB မော်ဒယ်ကို ရူပီး ၄၂၉၉၉ (မြန်မာငွေ ၁၀ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Sierra Black မော်ဒယ်နဲ့လာပြီး 12/256GB ဗားရှင်းနဲ့လာတဲ့ 150W မော်ဒယ်ကို ၄၃၉၉၉ ရူပီး (မြန်မာငွေ ၁၀ သိန်း ၇ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။