ပေါ်တူဂီရဲ့ဂျာစီဒီဇိုင်း တော်တော်လေးဆိုးရွားဖွယ်ရှိတာပါ။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းသားတွေ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် ဝတ်ဆင်မယ့် ဂျာစီဒီဇိုင်းအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ဒီဂျာစီဒီဇိုင်းက ဒီကမ္ဘာ့ဖလားအတွက် အဆိုးရွားဆုံး ဂျာစီဒီဇိုင်းအဖြစ် သတ်မှတ်ခံရမယ်လို့လည်းဆိုနေကြပါတယ်။



အခု ထွက်ပေါ်လာတဲ့ ပေါ်တူဂီရဲ့ဂျာစီဒီဇိုင်းတွေကတော့ တရားဝင်မဟုတ်သေးဘဲ အွန်လိုင်းပေါ်မှာ တရားမဝင်ပျံ့နှံ့လာတဲ့ အနေအထားမျိုးမှာသာရှိပါသေးတယ်။ ဒါပေမယ့်လည်း အတည်ဖြစ်ဖို့ ရာခိုင်နှုန်းများနေပြီလို့လည်း သုံးသပ်ယူဆနေကြပါတယ်။ ပေါ်တူဂီဟာ ပြီးခဲ့တဲ့ ယူရို- ၂၀၁၆ မှာ ဗိုလ်စွဲခဲ့တဲ့အသင်းတသင်းပါ။

ဒီနှစ် ကမ္ဘာ့ဖလားမှာလည်း ရော်နယ်ဒိုက ပေါ်တူဂီနဲ့အတူ ကမ္ဘာ့ဖလားအောင်မြင်မှုကို ထပ်မံဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဂျာစီစပွန်ဆာ Nike ရဲ့ ဒီဇိုင်းအပေါ် ပေါ်တူဂီကစားသမားတွေရော၊ ပရိသတ်တွေရောက အများကြီးမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် အခု ပျံ့နှံ့နေတဲ့ ဒီဇိုင်းအတိုင်းသာ ထွက်ပေါ်လာရင်တော့ ပေါ်တူဂီတို့အတွက် စိတ်ပျက်စရာပါ။



ဂျာစီဒီဇိုင်းက တော်တော်လေးကို အူကြောင်ကြောင်နိုင်နေပြီး ပေါ်တူဂီရဲ့ အဓိကအရောင်နှစ်ရောင်ကို ဂျာစီပေါ်မှာ ထက်ခြမ်းခွဲထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ဒီဇိုင်းအရ ဘေးတိုက်၊ ဒေါင်လိုက်၊ အလျားလိုက်ခွဲထားတဲ့နေရာမှာ အရောင်တရောင်စီကို တကန့်စီမှာ ထည့်ထားမှာဖြစ်ပြီး ဒါက တော်တော်လေးကို ပုံတုံးတဲ့ ဂျာစီဒီဇိုင်းလည်းဖြစ်ပါတယ်။

လက်ရှိပေါ်တူဂီရဲ့ဂျာစီဒီဇိုင်းက အရောင်တရောင်တည်းကို သီးသန့်ပါဝင်တာဖြစ်ပြီး ဒီဇိုင်းအသစ်အပေါ်မှာတော့ ပရိသတ်တွေက တယောက်တမျိုး ဝေဖန်နေကြပါတယ်။ ပရိသတ်တွေက “ဒီလိုဒီဇိုင်းမျိုး ကမ္ဘာပေါ်မှာရှိသေးတာလား? တော်တော်ဆိုးတာပဲ” သေချာပါတယ်။ ငါ ဒီနှစ်တော့ ပေါ်တူဂီဂျာစီမဝယ်တော့ဘူး” “တကယ့်အမှိုက်ဒီဇိုင်းပဲ” လို့ ဝေဖန်နေကြတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က