ဘာပြစ်ဒဏ်မှ မကျူးလွန်ပါဘဲနဲ့ ပြသခံခဲ့ရတာပါ။

မနေ့က ကစားခဲ့တဲ့ အယ်လ်ချီနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကိုပါဒယ်ရေးပွဲစဉ်မှာ ရီးရဲလ်ကွင်းလယ်လူတိုနီခရူးစ်ဟာ ကမ္ဘာ့အထူးဆန်းဆုံးအဝါကတ်ပြားပြသမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ရီးရဲလ်က အချိန်ပိုမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပွဲချိန်အတွင်းမှာ တိုနီခရူးစ်က သူမကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက် အဝါကတ်ပြသခံခဲ့ရပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က နားမလည်နိုင်စရာဖြစ်ခဲ့ရပါတယ်။ 

ရီးရဲလ်ဟာ မာဆယ်လိုထုတ်ပယ်ခံခဲ့ရလို့ အချိန်ပိုအထိ တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့်လည်း အစ္စကို၊ ဟာဇက်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ခရူးစ်အတွက်တော့ ကံဆိုးခဲ့ရတဲ့ညဖြစ်ခဲ့ရပြီး အယ်လ်ချီတောင်ပံကစားသမားတီတီမိုရန်တီနဲ့ ဘာမှထိခိုက်မှုမရှိခဲ့တာကို အဝါကတ်ပြသခံခဲ့ရလို့ စိတ်တိုစရာလည်းဖြစ်ခဲ့ရပါတယ်။ 



တီတီမိုရန်တီက ဘောလုံးရယူလာခဲ့ရာမှာ ခရူးစ်က တားဆီးဖို့ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားက အရှိန်လွန်နေတာမို့ သူ့ခြေထောက်ကို ပြန်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဘယ်လိုမှ ထိတွေ့မှုမရှိခဲ့ပေမယ့် တီတီမိုရန်တီက လဲကျသွားခဲ့ရာမှာ ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောသတ်မှတ်ခဲ့တဲ့အပြင် ခရူးစ်ကို အဝါကတ်ပါပြသခဲ့တာဖြစ်ပါတယ်။ ကစားသမားက စောဒကတက်ခဲ့ပေမယ့်လည်း ငြင်းဆန်ခံခဲ့ရပါတယ်။ 

ပရိသတ်တွေကတော့ သူတို့မြင်တွေ့ခဲ့ဖူးသမျှ အဝါကတ်ပြသမှုထဲမှာအ ဆိုးရွားဆုံးပဲလို့ မှတ်ချက်ပြုကာ ဟာသလုပ်ခဲ့ကြပါတယ်။ ကာယကံရှင်ကိုယ်တိုင်လည်း သူ ဘာမှမလုပ်ခဲ့ဘဲ အဝါကတ်ထိခဲ့လို့ နားမလည်အောင်ဖြစ်ခဲ့ရပြီး ခေါင်းတခါခါနဲ့ စိတ်မသက်မသာဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရီးရဲလ်ကတော့ အနိုင်ရရှိခဲ့တာကြောင့် ဖလား ၃ လုံးအိပ်မက်ကို အသက်သွင်းထားနိုင်ဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က