ကြံကြံဖန်ဖန်ပုံစံမျိုးနဲ့မှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေကတော့ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားရဲ့ ကံဆိုးမှုနဲ့ပတ်သက်ပြီး မယုံကြည်နိုင်အောင်ဖြစ်နေကြပါတယ်။ မန​ေ့က ကစားခဲ့တဲ့ ဆီဗီလာနဲ့ပွဲရဲ့ နာကျင်အချိန်ပို ၂ မိနစ်မှာ ယူဆက်အန်နက်ဆရီရဲ့ ခေါင်းတိုက်ချက်က မက်ဂွိုင်းယားနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပါ။ ဒီလိုမျိုး ဂိုးပေးလိုက်ရမှုမှာ မက်ဂွိုင်းယားက တော်တော်လေးကို ကံဆိုးခဲ့တာလည်းဖြစ်ပါတယ်။ 

အသင်းဖော်ရဲ့ ဖြတ်တင်ဘောကို အန်နက်ဆရီခေါင်းတိုက်ခဲ့ရာမှာ ဂိုးပေါက်နဲ့ တခြားစီကို ဖြစ်ခဲ့ပြီး ဘယ်လိုအန္တရာယ်မျိုးမှ မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဘောလုံးက နက်ဆရီနဲ့ မျက်နှာချင်းဆိုင်လောက်မှာ ရှိနေတဲ့ မက်ဂွိုင်းယားရဲ့ ခေါင်းကိုမှ တည့်တည့်သွားမှန်ခဲ့ပြီး ဂိုးထဲကို ဝင်ခဲ့ရာမှာ ဒီဂီယာည်း ဘာမှမတတ်နိုင်တော့ဘဲ ဂိုးပေးလိုက်ရပြီး ဆီဗီလာတို့ ၂-၂ ဖြစ်စေမယ့် ဂိုးကို ရရှိသွားခဲ့ပါတယ်။ 

မက်ဂွိုင်းယားကိုဆိုရင် အပြစ်အရမ်းတင်တတ်တဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ဒီဂိုးမှာတော့ အပြစ်တောင်မတင်နိုင်တော့ဘဲ ကစားသမားရဲ့ ကံဆိုးမှုကိုသာ အံ့အားသင့်နေခဲ့ကြရပါတယ်။ ထင်မှတ်မထားဘဲ ဘောလုံးရောက်လာချိန်မှာ မက်ဂွိုင်းယားကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ခဲ့ဘဲရှိခဲ့ရပြီး ဘယ်သူ့ကိုအပြစ်တင်လို့ တင်ရမှန်းတောင် မသိအောင်ပါပဲ။ 



ပရိသတ်တဦးက "ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးကစားသမားက မက်ဂွိုင်းယားပဲ၊ အမြဲတမ်း သူပဲ ဖြစ်နေရပါတယ်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ နောက်တဦးကလည်း "မက်ဂွိုင်းယားကို အပြစ်တောင်မှ မတင်နိုင်တောပါဘူး၊ ဒါက ကံဆိုးတာပါ၊ သူ့အတွက်လည်း ဝမ်းနည်းစရာပါပဲ" လို့ ဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ဒီပွဲကို စီစဉ်တင်ဆက်သူအဖြစ် တာဝန်ယူထားတဲ့ အိုဝင်ဟားဂရေ့ဗ်ကလည်း "အန်နက်ဆရီရဲ့ ခေါင်းတိုက်ချက်က ဘာမှကိုမဆိုင်ပါဘူး၊ ဂိုးပေါက်နဲ့တခြားစီပဲ" လို့ ပြောဆိုခဲ့ပြီး "ဟယ်ရီအတွက် ဒါက ခက်ခဲပါတယ်၊ ဒါ သူ့အမှားမဟုတ်ဘူးဆိုတာ ပရိသတ်တွေ နားလည်ဖို့လိုပါတယ်၊ တကယ်ကို မယုံနိုင်စရာအောင်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က