အားကစားလောကရဲ့ နာမည်ကျော်နှစ်ယောက်လည်းဖြစ်ပါတယ်။

ဖော်မြူလာဝမ်းရဲ့ နာမည်ကျော် ဟာမီလ်တန်နဲ့ တင်းနစ်လောကရဲ့ နာမည်ကျော် ဆီရီနာဝီလျံစ်တို့ နှစ်ယောက်ဟာ ချဲလ်ဆီးကို နှစ်ယောက်စပ်တူဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ အေဘရာမိုဗစ်ချ်အလွန်မှာ ချဲလ်ဆီးအသင်းပိုင်ရှင်အသစ် ဘယ်သူဖြစ်လာမယ်ဆိုတာကို ပရိသတ်တွေလည်း စိတ်ဝင်စားနေကြပါတယ်။



ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဘယ်သူက အသင်းပိုင်ရှင်အသစ်ဖြစ်လာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက် ရုရှားသမ္မတပူတင်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ ရုရှားသူဌေး အေဘရာမိုဗစ်ချ်အပေါ် ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို မဖြစ်မနေ ရောင်းချဖို့ စီစဥ်ထားရတာပါ။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဖော်ြမူလာဝမ်း ကမ္ဘာ့ချန်ပီယံ (၇) ကြိမ်အဖြစ် အောင်ပွဲခံဖူးတဲ့ ဟာမီလ်တန်နဲ့ ဂရင်းစလင်းချန်ပီယံ (၂၃) ကြိမ်ဖြစ်ဖူးတဲ့ ဆီရီနာဝီလျံစ်တို့က ချဲလ်ဆီးကို ဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရှိရပါတယ်။

ဒါပေမယ့် နှစ်ယောက်သား အတူ ဦးဆောင်ပြီး ဝယ်ယူဖို့ ကြိုးစားတာမျိုးမဟုတ်ဘဲ လီဗာပူးနဲ့ဗြိတိန်လေကြောင်းလိုင်းတို့ရဲ့ ဥက္ကဌဟောင်း ဆာမာတင်ဘရော့တန်ရဲ့ ကမ်းလှမ်းမှုမှာ ရှယ်ယာထည့်ဝင်ကမ်းလှမ်းခဲ့တာလို့ သိရှိရပါတယ်။ ဟာမီလ်တန်နဲ့ဆီရီနာဝီလျံစ်တို့ဟာ တယောက်ကို ပေါင် (၁၀) သန်းစီ ရင်းနှီးစိုက်ထုတ်ထားတယ်လို့လည်း သိရှိရပါတယ်။

ထူးခြားချက်တခုကတော့ ဟာမီလ်တန်ဟာ ချဲလ်ဆီးရဲ့မြို့ခံပြိုင်ဘက် အာဆင်နယ်ကို အမှန်အကန်အားပေးတဲ့ ပရိသတ်တယောက်လည်းဖြစ်ပါတယ်။ ဟာမီလ်တန်အားပေးတဲ့ အာဆင်နယ်က ချဲလ်ဆီးကို မနေ့ညကပဲ အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့ ပူပူနွေးနွေး အနိုင်ရရှိထားပါတယ်။ ဟာမီလ်တန်နဲ့ဆီရီနာဝီလျံစ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆွေးနွေးမှုတွေကတော့ လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်တည်းက စတင်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က