မက်ဆီ ထောင့်ကန်ဘောကန်ဖို့ လာတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် လီယွန်နယ်မက်ဆီတယောက် သူ့ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် နေစရာမရှိဖြစ်ပြီး ရှက်နေခဲ့တဲ့ ဗီဒီယိုတခု ရေပန်းစားလာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ နန့်တက်စ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပြင်သစ်စူပါဖလားဗိုလ်လုပွဲမှာ ဖြစ်ပွားခဲ့တာပါ။



ဒီပွဲမှာ ပီအက်စ်ဂျီအတွက် မက်ဆီက ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးတဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲရဲ့ ပွဲချိန်အတွင်းမှာ မက်ဆီတယောက် ထောင့်ကန်ဘောကန်ဖို့ အလံတိုင်ထောင့်ကို လာရောက်တဲ့အချိန်မှာ ပရိသတ်ထောင်ပေါင်းများစွာက “မက်ဆီ၊ မက်ဆီ” ဆိုပြီး ရုတ်တရက် အော်ဟစ်အားပေးခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီကိုယ်တိုင်လည်း ဒါကို အံ့အားသင့်သွားပုံပါပဲ။

သူ့အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပြီး သူ့ရဲ့ဆံပင်ကို သပ်နေခဲ့သလို ပရိသတ်တွေရှိရာကို စက္ကန့်အနည်းငယ်အကြာကြည့်ရှုရင်း ပြုံးပြ၊ လက်ပြပြီးမှ ထောင့်ကန်ဘောကန်ဖို့ကို ဆက်လက်ပြင်ဆင်ခဲ့ပါတယ်။ မက်ဆီ ဒီလိုမျိုးဖြစ်ခဲ့တဲ့ ဗီဒီယိုကတော့ ပရိသတ်တွေအတွက် ချစ်စရာကောင်းနေခဲ့ပြီး “ဒါက တကယ်ကို လေးစားမှုရှိတဲ့အပြုအမူပါပဲ။ မက်ဆီတယောက် တော်တော်လေးလည်း အံ့အားသင့်သွားပါတယ်”


“မက်ဆီကို ဘယ်သူကများ မုန်းရက်နိုင်မှာလဲ။ သူက ကလေးငယ်လေးတယောက်လိုပါပဲ” “ကိုယ့်ကိုယ်ကိုယ်အနှိမ့်ချဆုံး ထာဝရအကောင်းဆုံး ကစားသမားတယောက်ပါ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။ မက်ဆီဟာ ပြင်သစ်လီဂူးအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ ကလာမောင့်နဲ့ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။

ဒီပွဲမှာ မက်ဆီက အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး တဂိုးကလည်း နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ အဝေးကွင်းမှာကစားခဲ့ရတဲ့ အဆိုပါပွဲမှာလည်း ပြိုင်ဘက်ပရိသတ်တွေအကုန်လုံးကပါ မက်ဆီရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုခဲ့ရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြင်သစ်လီဂူးသွင်းဂိုး (၆) ဂိုးသာရရှိခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပေမယ့် ဒီရာသီမှာတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့ သွင်းဂိုးအများအပြား သွင်းယူနိုင်ဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က