ဒီဂျောင်အပြောင်းအရွှေ့မှာ မက်ဂွိုင်းယားကိုပေးဖို့ ဘာကာကတောင်းဆိုခဲ့ပေမယ့် ငြင်းခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့မှာ တစိတ်တပိုင်းအဖြစ်နဲ့ နောက်ခံလူမက်ဂွိုင်းယားကို ယူနိုက်တက်ဆီကနေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဂျောင်အတွက် ယူနိုက်တက်က ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး မက်ဂွိုင်းယားကို တောင်းဆိုမှုကိုတော့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

ဒီဂျောင်အတွက် ယူနိုက်တက်ရဲ့ကြိုးပမ်းနေမှုဟာ တော်တော်လေးကြာမြင့်နေပြီဖြစ်ပြီး နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဆုကြေးအပါအဝင် ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာဘက်က လက်ခံဖွယ်ရှိနေပြီလို့ သိရပါတယ်။ talkSPORT သတင်းထောက်ကတော့ ဒီလကုန်မှာပဲ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ 

မက်ဂွိုင်းယားကို ဘာစီလိုနာဘက်က တောင်းဆိုခဲ့တာဟာ ပီကေးထွက်ခွာမယ့် အခြေအနေကြောင့်လို့ ယူဆရပါတယ်။ ဘာစီလိုနာဗဟိုခံစစ်ပိုင်းမှာ ပီကေးထွက်သွားရင် အားနည်းချက်တွေရှိလာမှာဖြစ်ပြီး ဘဏ္ဍာရေးပြသနာတွေရှိနေတဲ့ ဘာကာက ဒီဂျောင်အပြောင်းအရွှေ့ကို အသုံးချကာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ တောင်းဆိုခဲ့ဟန်ရှိပေမယ့် ယူနိုက်တက်ဘက်က ငြင်းဆန်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီမှာ ပရိသတ်တွေရဲ့ အပြင်းအထန်ဝေဖန်မှုတွေကို ခံခဲ့ရတဲ့ မက်ဂွိုင်းယားကို နည်းပြတန်ဟက်ဂျ်က အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်တယ်လို့ သိရပါတယ်။ အင်္ဂလန်နောက်ခံလူအတွက် ယူနိုက်တက် ပေါင်သန်း ၈၀ အထိ ပေးချေခေါ်ယူထားခဲ့ရတာဖြစ်ပြီးကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ထားသူလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်မှာတော့ သူ့ရဲ့ ဆိုးရွားတဲ့ပုံစံတွေကိုသာ မက်ဂွိုင်းယားက ပြသနေခဲ့ပြီး အားလုံးရဲ့ အလှောင်ပြောင်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂျ်ရော၊ ကလပ်အသင်းကပါ မက်ဂွိုင်းယားကို အသင်းမှာဆက်ပြီးရှိနေစေဖို့ကိုပဲ ဆန္ဒရှိနေပြီး ပရိသတ်တွေရဲ့ဆန္ဒနဲ့တော့ ဆန့်ကျင်နေပါတယ်။

Share

Loading Next Article...
က္က