ဆိုးလ်ရှားဟာ ကာရာဘောင်းဖလားပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်အဖွင့်ပွဲ၊ ပရီးမီးယားလိဂ်မှာလည်း ဗီလာကို အရေးနိမ့်ခဲ့ကာ ဖိအားတွေအောက်ရောက်နေပြီး ရာထူးကထွက်သွားဖို့ပါ တောင်းဆိုခံနေရသူဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ပွဲအထိ အရေးနိမ့်ခဲ့ပေမယ့်လည်း ယူနိုက်တက်ဘုတ်အဖွဲ့ဟာ နည်းပြဆိုးလ်ရှားကို ထောက်ခံမှုအပြည့်အဝပေးထားဆဲဖြစ်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ကာရာဘောင်းဖလားပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်အဖွင့်ပွဲ၊ ပရီးမီးယားလိဂ်မှာလည်း ဗီလာကို အရေးနိမ့်ခဲ့ကာ ဖိအားတွေအောက်ရောက်နေပြီး ရာထူးကထွက်သွားဖို့ပါ တောင်းဆိုခံနေရသူဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ကတော့ ဆိုးလ်ရှားက အသင်းအတွက်အောင်မြင်မှုတွေရယူပေးနိုင်မယ့်သူလို့ သတ်မှတ်ထားကာ ဆက်လက်ထောက်ခံမှုပေးနေတာဖြစ်ပါတယ်။ ဒီရာသီမှာ ရော်နယ်ဒို၊ ဆန်ချို နဲ့ ဗာရန်းတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေကို အားဖြည့်ပေးထားပေမယ့် ယူနိုက်တက်ရဲ့ခြေစွမ်းက တော်တော်လေးဆိုးရွားနေကာ ဆိုးလ်ရှားရဲ့ လူထုတ်ပုံနဲ့ ပွဲချိန်တွင်းစီမံမှုတွေက ဝေဖန်ခံနေရပါတယ်။
အသက် ၄၈ နှစ်အရွယ် နော်ဝေသားအပေါ် အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေက ပိုမိုတိုးပွားလာနေတာလည်းဖြစ်ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်မှုက သူ့လက်ထက်မှာ အမြင့်မားဆုံးအောင်မြင်မှုဖြစ်နေပြီး အရေးကြီးပြိုင်ပွဲတွေမှာ ရုန်းကန်နေရတဲ့ ပုံစံကို မပြင်ဆင်နိုုင်သေးတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ ဆိုးလ်ရှားကို ယုံကြည်မှုပေးထားဆဲဖြစ်ကာ သူနဲ့အသင်းကြားစာချုပ်သက်တမ်းကလည်း ၃ နှစ်အထိ ကျန်ရှိနေပါသေးတယ်။