ကမ္ဘာအနှံ့ကခရီးသည်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေကပါ လာရောက်လည်ပတ်ဖို့ စိတ်ကူးနေတဲ့ Dream Paradise တစ်ခုပါ။

အရှေ့တောင်အာရှနိုင်ငံတွေထဲက ထိုင်းနိုင်ငံကတော့ ကမ္ဘာအနှံ့မှာရှိတဲ့ ခရီးသွားဧည့်သည်တွေကြား ပေါ်ပြူလာဖြစ်တဲ့ လည်ပတ်စရာနေရာတစ်ခုပဲဖြစ်ပါတယ်။ သဲဖြူဖြူနဲ့လှပတဲ့ ကမ်းခြေတွေ၊ စိတ်ဝင်စားစရာ ရှေးဟောင်းအမွေအနှစ်တွေ၊ အရသာစုံလင်တဲ့ စားစရာတွေနဲ့ ပစ္စည်းအစုံအလင်ရရှိနိုင်တဲ့ ထိုင်းနိုင်ငံကို ကမ္ဘာအနှံ့ကခရီးသည်တွေအပြင် အိမ်နီးချင်းနဲ့ အနီးအနားနိုင်ငံတွေကပါ လာရောက်လည်ပတ်ဖို့ စိတ်ကူးနေတဲ့ Dream Paradise တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့ နှစ်စဉ် နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်း ဖြစ်ပြီး ဆောင်းရာသီဖြစ်တဲ့အတွက် ရာသီဉတူ အရမ်းမပူဘဲ သွားရလာရ အဆင်ပြေမှာပါ။ ဒီအပတ်မှာတော့ ထိုင်းနိုင်ငံသို့အလည်အပတ်သွားမယ့် ခရီးသွားဧည့်သည်တွေအတွက် ထိုင်းနိုင်ငံထဲကသွားရောက်လည်ပတ်သင့်တဲ့ နေရာတွေကို ပြောပြသွားမှာဖြစ်ပါတယ်။




Bangkok (ဘန်ကောက်)



ထိုင်းနိင်ငံရဲ့ မြို့တော်ဖြစ်ပြီး နိုင်ငံအတွင်း လာရောက်လည်ပတ်သူအများဆုံးမြို့လည်း ဖြစ်ပါတယ်။ လည်ပတ်စရာနေရာတွေအနေနဲ့ ထိုင်းတော်ဝင်မျိုးနွယ်တွေနေထိုင်ခဲ့တဲ့ The Grand Palace, ကျောက်ဖုရားမြစ်ကမ်းနံဘေးမှာတည်ရှိပြီး အလွန်လှပတဲ့ Sun Set ရှုခင်းကို ကြည့်ရှုနိုင်တာကြောင့် နာမည်ကြီးတဲ့ Wat Arun Temple၊ ရေအောက်ကမ္ဘာကိုရောက်သွားသလိုမျိုး ခံစားရစေမယ့် SEA LIFE Bangkok Ocean World, Foodie တွေအကြိုက် စားစရာတွေစုံလင်တဲ့ Jodd Fairs Night Market တို့ကတော့ မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာတွေပါပဲ။ ထိုင်းနိုင်ငံကိုပထမဆုံး လာရောက်လည်ပတ်တဲ့သူတွေအနေနဲ့ ဘန်ကောက်မြို့ကိုအရင်ဆုံး လည်ပတ်ဖို့ကိုအကြံပေးချင်ပါတယ်။


Sukhothai (ဆူခိုထိုင်း)



နောက်ထပ်အလည်အပတ်သွားဖို့ အကြံပေးချင်တဲ့နေရာကတော့ ဘန်ကောက်မြို့ရဲ့ မြောက်ဖက် ၄၂၇ ကီလိုမီတာအကွာ၊ Yom မြစ်ကမ်းနားမှာတည်ရှိတဲ့ Sukhothai ပါ။ ထိုင်းလူမျိုးတွေရဲ့ ရှေးဟောင်းမြို့တော်ဖြစ်ပြီး UNESCO ရဲ့ World Heritage Site တစ်ခုလည်းဖြစ်ပါတယ်။ Sukothai Kingdom ကို ၁၃ရာစုနှစ်အလယ်ပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ ရှေးဟောင်းမြို့တော်ရဲ့ အကြွင်းအကျန်လက်ရာတွေဖြစ်တဲ့ မြို့ရိုးနဲ့စေတီပုထိုး၊ ကျောင်းဆောင်များကို လေ့လာကြည့်ရှုရင်း ထိုင်းနိုင်ငံရဲ့ အရင်အချိန်တွေဆီ ပြန်ရောက်သွားသလို ခံစားစေရမှာပါ။ ဒါ့အပြင် အဆုံးမရှိကျယ်ပြန့်ပြီး အရမ်းလှပတဲ့ ကတ္တီပါပန်းဝါ (Marigold Flower) စိုက်ခင်းကိုလည်း သွားရောက်လည်ပတ်နိုင်ပြီးတော့ သဘာဝရဲ့ အလှအပတွေကိုလည်း တဝကြီးခံစားနိုင်မှာဖြစ်ပါတယ်။


Phuket (ဖူးခက်)


Phuketလို့ပြောလိုက်တယ်ဆိုရင် ပြာလဲ့နေတဲ့ပင်လယ်ကြီး၊ ကျယ်ပြန့်တဲ့သဲဖြူဖြူ၊ မြင့်မားတဲ့ကျောက်ဆောင်ကြီးတွေရှိတဲ့ အလွန်လှပတဲ့ ပင်လယ်ကမ်းခြေကို တန်းမြင်ကြမှာပါ။ ထိုင်းနိုင်ငံရဲ့ တောင်ဖက်ခြမ်းမှာရှိပြီး တစ်နှစ်တာလုံးစည်ကားတဲ့ ခရီးသွားနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အနီးအနားက ကျွန်းတွေဆီသွားပြီး Snorkeling, Scuba Diving စတဲ့ Adventure Activity တွေလည်းလုပ်လို့ရပါသေးတယ်။ ကျွန်းတွေဆီကို Boat Trip နဲ့သွားရမှာဖြစ်ပြီး Phuket ကမ်းခြေမှတစ်ဆင့် ကားနဲ့ Patong  ကမ်းခြေကို အရင်သွားရမှာပါ။ ပြီးမှ ကိုယ်သွားချင်တဲ့နေရာ ကိုယ်လုပ်ချင်တဲ့ Activity အလိုက် Boat Trip Tour ဌားရမှာဖြစ်ပါတယ်။ နာမည်ကြီးတဲ့ ကျွန်းတွေကတော့ James Bond Island, Phi Phi Island နဲ့ Maya Bay တို့ဖြစ်ပါတယ်။ ဒါတင်မက ကမ္ဘာအနှံ့က အမျိုးပေါင်းစုံလင်တဲ့ အစားအစာတွေအပြင် Carnival Magic Show၊ Fantea Phuket Show စတဲ့ အရမ်းမိုက်တဲ့ Night Life Activity တွေလည်း ရှိတာကြောင့် Beach မှာပဲ နေ့ည အပီအပြင် Chill ချင်တဲ့သူတွေအတွက်တော့ အရမ်းသင့်တော်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်



Chiang Mai (ချင်းမိုင်)



ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၁၀မှာတည်ရှိပြီး ‌အေးချမ်းတဲ့ရာသီဥတု၊ အလွန်လှပတဲ့ပန်းခင်းတွေ၊ Instagramable Coffee Shop တွေနဲ့ အနုပညာလက်ရာတွေစုပြီးတည်ရှိနေတဲ့ အေးချမ်းသာယာလှပတဲ့ မြို့လေးကတော့ ချင်းမိုင်မြို့ပဲဖြစ်ပါတယ်။ ချင်းမိုင်မြို့ကိုတော့ မြန်မာနိုင်ငံကနေ တိုက်ရိုက်လေကြောင်းနဲ့ လာရောက်နိုင်ပါတယ်။ နှစ်စဉ်နိုဝင်ဘာလတိုင်း တန်ဆောင်မုန်းလပြည့်ညမှာ Loy Krathong Festival ထိုင်းလူမျိုးတို့ရဲ့(မီးထွန်း/မီးမျှောပွဲတော်) ကိုကျင်းပလေ့ရှိပါတယ်။ ပန်းခြင်းကိုရေထဲမျောပြီး မိမိတို့မှာရှိတဲ့ မကောင်းမှုတွေပပျောက်ပြီး ကောင်းမှုတွေရောက်ဖို့ ဆုတောင်းကြတဲ့ ပွဲတော်ပါ။ Loy Krathong ကို ကိုယ်ချစ်ရတဲ့သူနဲ့အတူတူမျောလိုက်တဲ့အခါ အတူတူမျောလိုက်တဲ့သူနဲ့ တစ်သက်လုံးပေါင်းဖက်ရတယ်လို့လည်း ပြောစမှတ်ရှိကြပါသေးတယ်။ ချင်းမိုင်မြို့ကိုလာရောက်လည်ပတ်မယ်ဆိုရင်တော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေကတော့ ရာသီဥတုအေးစိမ့်စိမ့်နဲ့ လာရောက်လည်ပတ်ဖို့အကောာင်းဆုံးအချိန်ပါပဲ။


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


Share

Loading Next Article...
က္က