စပိန်ကို နေးရှင်းလိဂ်ဖိုင်နယ်မှာ အနိုင်ရခဲ့တာပါ။

စပိန်အတွက် အိုယာဇာဘယ်က ဦးဆောင်ဂိုးကို ၆၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပြင်သစ်အတွက် ၆၆ မိနစ်မှာ ဘန်ဇီမာ၊ ၈၀ မိနစ်မှာ ဘတ်ပီတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာပါ။ 


နေးရှင်းလိဂ်ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ စပိန်နဲ့ ပြင်သစ်တို့ပွဲစဉ်မှာတော့ ပြင်သစ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းကာ ၁-၂ နဲ့ အနိုင်ယူပြီး နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ စပိန်အတွက် အိုယာဇာဘယ်က ဦးဆောင်ဂိုးကို ၆၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပြင်သစ်အတွက် ၆၆ မိနစ်မှာ ဘန်ဇီမာ၊ ၈၀ မိနစ်မှာ ဘတ်ပီတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာပါ။ 



ခြေစွမ်းပိုင်းအရ သိပ်ကွာခြားမှုမရှိခဲ့ပေမယ့် အဆုံးသတ်မှုအပိုင်းမှာတော့ တိုက်စစ်ပိုင်းကစားသမားအင်အားသာတဲ့ ပြင်သစ်လို့ အသာစီးရခဲ့ပါတယ်။ ဒက်ချမ့်ရဲ့ ပြင်သစ်ကစားကွက်က စိတ်ဝင်စားဖို့ကောင်းခဲ့ပြီး ၃-၄-၁-၂ ပုံံစံမှာ သီယိုဟာနန်ဒက်ဇ်နဲ့ ပါဗက်တို့ကို wing-backs တွေအဖြစ် အသုံးပြုခဲ့ပြီး ခံစစ်ကစားချိန်တိုင်းမှာ ပြင်သစ်က ၅-၃-၂ ပုံစံပြောင်းလဲသွားခဲ့ပါတယ်။ 


ထုံးစံအတိုင်း စပိန်က ဘောလုံးအသာစီးပိုရခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်နဲ့ ဂိုးပေါက်တည့်မှုမှာ မတိမ်းမယိမ်းဖြစ်နေခဲ့ပြီး ခြေညီတဲ့အသင်းနှစ်သင်းဖြစ်လို့ ပွဲက တဖက်သတ်မဆန်ခဲ့ဘဲ ကြည့်ကောင်းခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ၊ ဘတ်ပီ၊ ဂရစ်မန်းဇ်တို့ ရှိနေတဲ့ ပြင်သစ်က အခွင့်အရေးရချိန်မှာ ထိထိမိမိအသုံးချနိုင်ခဲ့လို့လည်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


နေးရှင်းလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပြင်သစ်ဟာ ကမ္ဘာ့ဖလား၊ ယူရိုဖလားနဲ့ နေးရှင်းဖလားတို့ကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နေးရှင်းလိဂ်ဖလားကိုလည်း ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပြီး စပိန်ကလည်း ဒီစံချိန်ကိုရယူနိုင်မယ့် အသင်းအဖြစ်ရှိနေခဲ့ပေမယ့် ပြင်သစ်က အရင်ဦးဆုံးရယူသွားခဲ့ကာ ဂုဏ်ယူဖွယ်ရာဖြစ်လာခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က