ရွှေ ၂၄ ကာရက်ပါဝင်တဲ့ အိုင်ဖုန်းတလုံးစီ ပေးခဲ့တာပါ။

လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ကစားသမားဘ၀မှာ အလိုချင်ဆုံးဆုဖလားဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အသင်းနဲ့ ဝန်ထမ်းတွေကို လက်ဆောင်အဖြစ်ပေးဖို့အတွက် ပေါင် ၁ သိန်း ၇ သောင်းကျော်အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီအသင်းကို အံအားသင့်ဖွယ်အရေးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ဆက်တိုက်နိုင်ပွဲယူကာ ချန်ပီယံဖြစ်ခဲ့တာပါ။ မက်ဆီကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမားဆုကို ရယူနိုင်ခဲ့သလို မကြာသေးခင်ကလည်း ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲမှာ အမျိုးသားအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါသေးတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလားရခဲ့တဲ့ အသင်းနဲ့ဝန်ထမ်းတွေကို ပေးဖို့အတွက် ရွှေ ၂၄ ကာရက်နဲ့ ပြုလုပ်ထားတဲ့ iPhone ၃၅ လုံးကို ဝယ်ခဲ့တယ်လို့ သိရပါတယ်။  iDesign Gold ကနေ ဒါတွေကို ဝယ်ယူခဲ့တာဖြစ်ပြီး ဖုန်းတစ်လုံးစီတိုင်းမှာ အာဂျင်တီးနားအသင်းရဲ့ လိုဂို၊ ကစားသမားတွေရဲ့ နံပတ်တွေပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားတို့ ချန်ပီယံဖြစ်ခဲ့တဲ့ ခုနှစ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ 

မက်ဆီဟာ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တာကြောင့် ဂုဏ်ပြုဖို့ ထူးဆန်းတဲ့အရာကို လိုချင်တာကြောင့် iDesign Gold က သူတို့ရဲ့နာမည်တွေရေးထားမယ့် ရွှေရောင် iPhone ကို အကြံပေးခဲ့တာဖြစ်ပြီး မက်ဆီကလည်း ဒါကို သဘောကျခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းမှာ ပါဝင်ခဲ့သူအားလုံးက ဒီ အိုင်ဖုန်းတွေကို လက်ခံရရှိတော့မှဖြစ်ကာ တကယ်ကိုထူးခြားတဲ့ လက်ဆောင်တခုလို့ ပြောရပါလိမ့်မယ်။ 

Share

Loading Next Article...
က္က