ရရှိမယ့်ဆုကြေးအားလုံးကို ပြန်လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဆာဘီးယားဟာ ပေါ်တူဂီကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာအနိုင်ယူပြီးနောက် ကာတာမြေဆီအရောက်လှမ်းနိုင်ခဲ့လို့ ဆုကြေးငွေပါ ရရှိတော့မှာဖြစ်ပါတယ်။ 


ပေါ်တူဂီကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပါက ဆုကြေးအဖြစ် ယူရိုတသန်းပေးမယ်လို့ ဆာဘီးယားသမ္မတက ကတိပေးထားတဲ့အတိုင်း ကစားသမားတွေဟာ ဆုကြေးငွေကို လက်ခံရရှိတော့မှာဖြစ်ပါတယ်။ ဆာဘီးယားဟာ ပေါ်တူဂီကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာအနိုင်ယူပြီးနောက် ကာတာမြေဆီအရောက်လှမ်းနိုင်ခဲ့လို့ ဆုကြေးငွေပါ ရရှိတော့မှာဖြစ်ပါတယ်။ 

တိုက်စစ်မှူးမီထရိုဗစ်ရဲ့ သွင်းဂိုးနဲ့ သမိုင်းဝင်အောင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ကစားသမားတွေကို စိတ်ဓာတ်ပိုင်းမြင့်တက်လာအောင် ဘောလုံးအဖွဲ့ချုပ်နဲ့ အစိုးရပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်ကစားချိန်မှာလည်း အနိုင်ရခဲ့တာကြောင့် ကတိအတိုင်း ယူရိုတသန်းကို ဆုကြေးအဖြစ်ပေးရတော့မှာဖြစ်ပြီး ဆာဘီးယားကစားသမားတွေက အားလုံးဝမ်းသာစေမယ့်လုပ်ရပ်အဖြစ် ပြန်လည်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ 

ESPN ရဲ့ ဖော်ပြချက်အရ ဆုကြေးငွေအားလုံးကို နိုင်ငံတဝှမ်းက နာမကျန်းဖြစ်နေတဲ့ ကလေးတွေကို ကုသရာမှာ လှူဒါန်းသွားမယ်လို့ ကစားသမားတွေက စုပေါင်းသဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ မွန်မြတ်လှတဲ့ စိတ်ဓာတ်ကြောင့်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုကို အလှပေါ်အယဉ်ဆင့်သလို ဖြစ်စေခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတွေကိုပါ ခံယူရတော့မှာဖြစ်ပါတယ်။ 

ဆာဘီးယားဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ သရေကျခဲ့ရင် ပလေးအော့အဆင့်ကစားရမယ့် ဆာဘီးယားက လစ္စဘွန်းမှာ ပေါ်တူဂီကို အနိုင်ရတဲ့အထိစွမ်းဆောင်နိုင်ခဲ့လို့ ချီးကျူးခံခဲ့ရသလို ဆုကြေးငွေအားလုံးကိုလည်း အကျိုးရှိမယ့်နေရာမှာ ပြန်လည်သုံးစွဲဖို့အတွက် သဘောတူညီခဲ့မှုကတေ့ာ တကယ့်ကိုမွန်မြတ်လှတဲ့စိတ်ထားပဲဖြစ်ပါတယ်။ 

Share

က္က