ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်၊ မော်ရိုကိုအသင်းတို့နဲ့ပွဲစဉ်မှာ နည်းပြ ဆန်းတို့စ်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး စနေနေ့ညပွဲစဉ်မှာတော့ ဒုတိယပိုင်း ၅၁ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့် ရရှိခဲ့ပေမယ့်လည်း ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မကြာသေးမီက အင်စတာဂရမ်ပို့စ်မှာ မှတ်ချက်ဝင်ပေးခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ကြေကွဲဖွယ် သတင်းစကားကို ပေးပို့ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးက သရဖူနဲ့ GOAT အီမိုဂျီတွေကို အဲဒီပို့စ်မှ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ရော်နယ်လ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်ပြီး မိုနာကိုကြယ်ပွင့်ဟောင်းဟာ ကလေးဘဝကတည်းက ပေါ်တူဂီကြယ်ပွင့်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီအသင်းဟာ စနေနေ့ညက ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်၊ မော်ရိုကိုအသင်းတို့နဲ့ပွဲစဉ်မှာ နည်းပြ ဆန်းတို့စ်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး စနေနေ့ညပွဲစဉ်မှာတော့ ဒုတိယပိုင်း ၅၁ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့် ရရှိခဲ့ပေမယ့်လည်း ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂါနာနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တဲ့ တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အမ်ဘာပေကတော့ ပြင်သစ်အသင်းအတွက် လက်ရှိအချိန်အထိ သွင်းဂိုး ၅ ဂိုးနဲ့ ရွှေဖိနပ်ဆု ပြိုင်ပွဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ အင်္ဂလန်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ပေါ်တူဂီကို ပြိုင်ပွဲကနေ ဖြုတ်ပစ်ခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုက တနင်္ဂနွေနေ့ညနေက အင်စတာဂရမ်မှာ ဝမ်းနည်းဖွယ် သတင်းစကားကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ကြိမ်အထိ ကြိုးပမ်းခဲ့ပေမယ့်လည်း ဖလားမရရှိခဲ့တဲ့နောက် ၎င်းရဲ့ ကမ္ဘာ့ဖလားအိပ်မက်ဟာ အဆုံးသတ်ခဲ့ပြီဆိုတဲ့အကြောင်း အရိပ်အမြွက် ပြသခဲ့တာဖြစ်ပါတယ်။ "ပေါ်တူဂီအတွက် ကမ္ဘာ့ဖလားရရှိဖို့က ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံးနဲ့ အရည်မှန်းထားဆုံးအိပ်မက်ပါ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော် ပေါ်တူဂီနဲ့အပါအဝင် နိုင်ငံတကာ ဆုဖလားတွေ အများကြီးရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့နာမည်ကို ကမ္ဘာပေါ်က အကြီးမားဆုံးဆုဖလားပေါ်မှာ ရေးထိုးနိုင်ဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်ဖြစ်ခဲ့ပါတယ်"

"ကျွန်တော် အဲဒီအတွက် တိုက်ပွဲဝင်ခဲ့တယ်။ ဒီအိပ်မက်အတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော် ၅ ကြိမ် ပါဝင်ကစားခဲ့ပြီး အရမ်းကောင်းတဲ့ကစားသမားတွေရှိတဲ့အသင်းနဲ့ ပေါ်တူဂီလူမျိုးသန်းပေါင်းများစွာရဲ့ အားပေးထောက်ခံမှုကို အမြဲရရှိခဲ့တယ်။ ကျွန်တော့်မှာရှိသမျှ အရာအားလုံး ပေးခဲ့ပါတယ်။ ကွင်းထဲမှာ အားလုံးကို ထုတ်သုံးခဲ့တယ်။ ကျွန်တော် ဘယ်တုန်းကမှ တိုက်ပွဲကို မျက်နှာမလွှဲခဲ့ဖူးဘဲ အဲဒီအိပ်မက်အပေါ်မှာလည်း ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဖူးပါဘူး။ ဝမ်းနည်းစရာကောင်းစွာနဲ့ပဲ သောကြာနေ့မှာ အိပ်မက်က အဆုံးသတ်သွားခဲ့တယ်။ ဒေါသထွက်နေတဲ့အချန်မှာ တုံ့ပြန်ဖို့က မထိုက်တန်ပါဘူး။ ကျွန်တော် ခင်ဗျားတို့အားလုံးကို အများစု ပြောနေ၊ ရေးနေ၊ ကောလာဟလတွေထွက်နေခဲ့ပေမယ့် ကျွန်တော့်ရဲ့ ပေါ်တူဂီအတွက် ပေးဆပ်မှုက မပြောင်းလဲခဲ့ဘူးဆိုတာ သိစေချင်တယ်"

"ကျွန်တော်က အားလုံးရဲ့ ရည်မှန်းချက်အတွက် တိုက်ပွဲဝင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး ဘယ်တော့မှ အသင်းဖော်တွေနဲ့ နိုင်ငံကို ကျောခိုင်းမထားခဲ့ပါဘူး။ အခုအချိန်မှာ ဘာမှပြောဖို့ အများကြီးမရှိတော့ပါဘူး။ ကျေးဇူးတင်ပါတယ် ပေါ်တူဂီ။ ကျေးဇူးတင်ပါတယ် ကာတာ။ အိပ်မက်က အဆုံးသတ်ခဲ့ပေမယ့်လည်းကောင်းမွန်ခဲ့တယ်။ အခုတော့ အချိန်က ကောင်းမွန်တဲ့ အကြံပေးသူဖြစ်ပြီး တစ်ယောက်စီတိုင်းက သူတို့ရဲ့ ကောက်ချက်ကို ဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ရေးသားခဲ့တာဖြစ်ပြီး အမ်ဘာပေက အဲဒီပို့စ်မှာ သရဖူနဲ့ တသက်တာအကောင်းဆုံးကစားသမား(GOAT)လို့ ရည်ညွှန်းရာမှာ အသုံးပြုတဲ့ ဆိတ်ပုံ အီမိုဂျီကို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က