ကမ္ဘာ့ဖလားအုပ်စုအဆင့်မဲခွဲပွဲကို ဒီနေ့ညမှာ ကျင်းပမှာပါ။

အင်္ဂလန်တို့ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကျပ်ထဲ ကျရောက်သွားနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ လာမယ့်ဆောင်းရာသီမှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပွဲအတွက် မဲခွဲပွဲကို ဒီကနေ့ညမှာ ကျင်းပမှာဖြစ်ပါတယ်။



အင်္ဂလန်ဟာ အုပ်စုမဲခွဲပွဲအတွက် မဲအိုးအဆင့် သတ်မှတ်ချက်မှာ မဲအိုးနံပါတ် (၁) နေရာမှာရှိနေပါတယ်။ မဲအိုးနံပါတ် (၁) မှာတော့ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ အာဂျင်တီးနားတို့အပါအဝင် အခြားသော အင်အားကြီးအသင်းတွေ ပါဝင်နေပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့အဆင့် (၅) နေရာမှာရှိနေပြီး မဲအိုးနံပါတ် (၁) မှာရှိနေတာကြောင့် အုပ်စုချောင်နိုင်မယ်လို့ ထင်မြင်ကောင်းထင်မြင်နိုင်ပါတယ်။

ဒါပေမယ့် မဲအိုးနံပါတ် (၂) မှာ ဂျာမနီ၊ နယ်သာလန်၊ ဥရုဂွေး၊ မဲအိုးနံပါတ် (၃) မှာ ဝေးလ်စ် ဒါမှမဟုတ် စကော့တလန်၊ ပိုလန်၊ ဂျပန်နဲ့ မာနေးပါဝင်တဲ့ ဆီနီဂေါတို့ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း အင်္ဂလန်အနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေရောက်ရင် သူတို့အတွက် အစဥ်အလာပြိုင်ဘက်လိုဖြစ်နေတဲ့ ဂျာမနီနဲ့ တအုပ်စုတည်း ကျရောက်နိုင်တယ်လို့ မီဒီယာတွေနဲ့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

ခန့်မှန်းချက်တွေအရတော့ အင်္ဂလန်ဟာ ဂျာမနီ၊ အာဖရိက,က ဆီနီဂေါ၊ မြောက်အမေရိက,က ကနေဒါတို့နဲ့ တအုပ်စုတည်း ကျရောက်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အုပ်စုကျပ်က အင်္ဂလန်မှမဟုတ်ဘဲ အခြားသော နာမည်ကြီးတသင်းသင်း ကျရောက်သွားနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

အင်္ဂလန်ဟာ ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့ ကစားခဲ့ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ဇွန်နဲ့စက်တင်ဘာအတွင်းမှာ အင်္ဂလန်ဟာ ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေအဖြစ် အီတလီ၊ ဂျာမနီ၊ ဟန်ဂေရီတို့နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က