သံတမန်အဖြစ်နဲ့ စာချုပ်ချုပ်ဆိုသွားမှာပါ။

ကာတာဘောလုံးအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘက်ခမ်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကနေရာကနေ ပါဝင်တင်ဆက်သွားဖို့ ရှိနေခဲ့ပြီဖြစ်ပါတယ်။


နာမည်ကျော်ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်းဟာ နောက်လအတွင်းမှာ ကာတာနဲ့ ပေါင်သန်း ၁၅၀ တန်ကြေးရှိတဲ့ (၁၀) နှစ်သက်တမ်းရှိ သံတမန်စာချုပ်ကိုချုပ်ဆိုနိုင်ဖို့ရှိနေကြောင်း သိရပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲအတွက် ရည်ရွယ်ကာ ကာတာဘောလုံးအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘက်ခမ်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကနေရာကနေ ပါဝင်တင်ဆက်သွားဖို့ ရှိနေခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်းကို ဒီလအစောပိုင်းက ကာတာမှာရောက်ရှိနေတာကိုလည်း မြင်တွေ့ခဲ့ရပြီး ပြိုင်ပွဲလက်ခံကျင်းပမယ့် အားကစားကွင်းအချို့ကို လှည့်ပတ်ကြည့်ရှုပြီး ဓာတ်ပုံရိုက်ကုူးမှုတွေပြုလုပ်ခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။ ဘက်ခမ်းဟာ လာမယ့်လမှာ ကြေညာမယ့် စာချုပ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် တရား
ဝင်အခန်းကဏ္ဍကနေ ပါဝင်ဖို့ရှိနေကာ ကာတာမှာ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးရမယ့်သူဖြစ်မယ်လို့လည်း The Sun က ရေးသားခဲ့ပါတယ်။ 

အသက် ၄၆ နှစ်အရွယ် ကမ္ဘာကျော်ဘောလုံးသမားဟောင်းက လိင်တူချစ်သူတွေနဲ့ အမျိုးသမီးအပေါ် နှိပ်ကွပ်မှုကြောင့် နာမည်ပျက်နေတဲ့ ကာတာကို ပြိုင်ပွဲချိန်အတွင်း သက်တန့်ရောင်အလံတွေ လွှင့်ထူဖို့ကိုပါ အကြံပေးထားပြီး အားပေးထောက်ခံမှုတွေပြသဖို့ သူ့ရဲ့တောင်းဆိုမှုက ခွင့်ပြုခံထားရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

"ဒေးဗစ်က ဘောလုံးရဲ့ စွမ်းအားက ဘယ်လောက်ထိကြီးမားသက်ရောက်တယ်ဆိုတာကို အမြဲပြောနေသူပါ" လို့ ဘက်ခမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 


"တစ်နှစ်ပြည့်ချိန်မှာ သူက ပိုကျယ်ပြန့်တဲ့ ဘောလုံးအသိုင်းအဝိုင်းကို ဝင်လာပါလိမ့်မယ်၊ ဒါက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အတူတူဝင်ဆင်နွှဲပြီး ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီးတစ်ပွဲဖြစ်လာဖို့ သူ မျှော်လင့်နေတာပါ" လို့ ပြောဆိုခွင့်ရထားသူက The Sun ကို ဖွင့်ဟခဲ့ပါတယ်။ ဘက်ခမ်းဟာ ပီအက်စ်ဂျီကစားသမားဘဝမှာကတည်းက ကာတာနာမည်ကျော် သူဌေးတွေနဲ့ ရင်းနှီးခဲ့သူဖြစ်ပြီး အခုလို သံတမန်အဖြစ် သဘောတူညီမှုမှာ ပီအက်စ််ဂျီအသင်းဥက္ကဌနက်ဆာအယ်လ်ခီလိုင်ဖီရဲ့ ကြိုးပမ်းမှုတွေပါဝင်မယ်လို့လည်း ယူဆရပါတယ်။ 


၂၀၁၉ ခုနှစ်အတွင်းကလည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့အနေနဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်မရတော့တာကြောင့် အခြားကစားသမားတွေအပေါ် အားကျဝန်တိုမိတယ်လို့ ဘက်ခမ်းက ဖွင့်ဟခဲ့ဖူးပါတယ်။ 

Share

က္က