ယခုရာသီအစောပိုင်းတုန်းက ကလပ်အသင်းအတွက် အကောင်းဆုံးဘောလုံးကစားပုံကို ပြသခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ပြင်သစ်မီဒီယာက ပီအက်စ်ဂျီရဲ့ ရင်းနေးကို ရှုံးနိမ့်ခဲ့တဲပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဂျင်တီနားကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာကြောင့် ယခုရာသီအစောပိုင်းတုန်းက ကလပ်အသင်းအတွက် အကောင်းဆုံးဘောလုံးကစားပုံကို ပြသခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့က ရင်းနေးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လီဂူးဝမ်းအမှတ်ပေးဇယားဦးဆောင်သူတွေဟာ လက်ရှိမှာ ၃ မှတ်သာ အသာစီး ရရှိထားတော့တာဖြစ်ပါတယ်။

ပြင်သစ်မီဒီယာ RMC Sport က ရှုံးပွဲအပြီးမှာ လီယွန်နယ် မက်ဆီကို ရင်းနေးနဲ့ပွဲစဉ်က ရှုံးနိမ့်ခဲ့မှုအတွက် "သူ့မှာ ကောင်းမွန်တဲ့ရာသီဝက် ပိုင်ဆိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်ခဲ့လို့ပါ။ သူက လေ့ကျင့်ရေးဆင်းနေခဲ့တာပါ။ ဒါပေမယ့် အခု အဲဒါက ပြီးသွားပါပြီ"လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

L'Equipe ကလည်း ဘာစီလိုနာကြယ်ပွင့်ဟောင်းအတွက် ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်ခဲ့ပြီး ရမှတ်သတ်မှတ်ချက်မှာ ၁၀ ကို ၄ မှတ်သာ ပေးခဲ့ပြီး "ကျွန်တော်တို့ မြင်တွေ့နေကျအတိုင်း သူ့ရဲ့ ခြေထောက်ထဲမှာ ဘောလုံး များများစားစား ထွက်တာ မမြင်ခဲ့ဘူး။ အာဂျင်တီးနားကစားသမားက သူ့ရဲ့အသင်းအတွက် အလုပ်လုပ်ဖို့ ကြိုးပမ်းခဲ့တယ်။ အဓိကအားဖြင့် သူ့ရဲ့ မီတာ ၃၀ ပတ်လည်မှာ ဘောလုံးကို ပြန်လည်ဆယ်ယူဖို့ဖြစ်ပြီး ဒုတိယပိုင်းမှာ လဲပြိုသွားခဲ့ပါတယ်"လို့ ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က