အယ်လ်ဂါဇီကတော့ ဗန်ဟားလ်ရဲ့ (၅၅) ယောက်စာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။

အဲဗာတန်၊ အက်စတွန်ဗီလာတို့မှာ ကစားခဲ့ဖူးတဲ့ အန်ဝါအယ်လ်ဂါဇီဟာ နိုင်ငံကိုယ်စားပြုလက်ရွေးစင်အသင်းကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အယ်လ်ဂါဇီဟာ နယ်သာလန်-မော်ရိုကိုနွယ်ဖွားတယောက်ဖြစ်ပြီး နယ်သာလန်ရဲ့ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရဖူးပါတယ်။



အယ်လ်ဂါဇီအနေနဲ့ နယ်သာလန်လက်ရွေးစင်အသင်းကြီးအတွက် ခြေစစ်ပွဲနှစ်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၅) နောက်ပိုင်းကစလို့ နယ်သာလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်းမရှိတော့ပါဘူး။ ဒါ့အပြင် လာမယ့် ကာတာကမ္ဘာ့ဖလားအတွက် ဗန်ဟားလ် ရွေးချယ်ထားတဲ့ (၅၅) ယောက် ကစားသမားစာရင်းမှာလည်း အယ်လ်ဂါဇီက မပါဝင်ခဲ့ပါဘူး။

သူ့အနေနဲ့ လက်ရှိအချိန်ထိ မော်ရိုကို လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားခွင့်ရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ ဒီအတွက် ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပီအက်စ်ဗွီမှာ ကစားနေတဲ့ အယ်လ်ဂါဇီဟာ စာရွက်စာတမ်းအရ လိုအပ်တဲ့အရာတွေကို လိုက်ပါ ဆောင်ရွက်နေပြီး မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ကလည်း အယ်လ်ဂါဇီကို ကမ္ဘာ့ဖလားမှာ ရွေးချယ်သွားဖို့ စောင့်ဆိုင်းနေပါတယ်။

မော်ရိုကိုဟာ လာမယ့်နှစ်ပတ်အတွင်း အသင်းရဲ့ အပြီးသတ်လူစာရင်းကို ကြေညာသွားဖို့ ပြင်ဆင်ထားပြီး ဒီကာလအတွင်း အယ်လ်ဂါဇီရဲ့ကိစ္စတွေ အလုံးစုံ အဆင်ပြေသွားဖို့ မျှော်လင့်ထားပါတယ်။ အယ်လ်ဂါဇီဟာ လက်ရွေးစင်အသင်း ရွေးချယ်တဲ့နေရာမှာ မော်ရိုကို၊ နယ်သာလန် တနိုင်ငံတည်းကိုသာ ရွေးချယ်ခွင့်ရခဲ့ပြီး အဲ့ဒီအချိန်တုန်းက မိသားစုဝင်တွေအပြင် ရော်နယ်ဒိုနဲ့လည်း တိုင်ပင်ခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

လက်ရှိ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက သူ့အနေနဲ့ အယ်လ်ဂါဇီနေရာမှာသာဆိုရင် နယ်သာလန်လက်ရွေးစင်အသင်းကိုသာ ရွေးချယ်မယ်လို့ အကြံပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အယ်လ်ဂါဇီတယောက် နိုင်ငံကိုယ်စားပြု ပြောင်းလဲဖို့ ကြိုးစားနေပြီး ကမ္ဘာ့ဖလားအမှီ မော်ရိုကို,ကို ပြောင်းလဲ ကိုယ်စားပြုခွင့်ရမလား စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က