အိမ်ရှင်ကာတာ၊ ဂျာမနီတို့နဲ့အတူ စုစုပေါင်း ၃ သင်းအထိဖြစ်လာခဲ့ပါတယ်။

ဒိန်းမတ်ကလည်း နောက်ထပ်ခြေစစ်ပွဲအောင်အသင်းအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အိမ်ရှင်ကာတာ၊ ဂျာမနီတို့နဲ့အတူ စုစုပေါင်း ၃ သင်းအထိဖြစ်လာခဲ့ပါတယ်။ 


၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဆက်လက်ကစားနေရာမှာတော့ ဒိန်းမတ်အသင်းဟာ သြစတြီးယားကို ၁-၀ နဲဲ့ အနိုင်ရရှိခဲ့ပြီးနောက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဂျာမနီက ပထမဆုံးခြေစစ်ပွဲအောင်အသင်းဖြစ်ခဲ့ပြီးနောက်မှာ ဒိန်းမတ်ကလည်း နောက်ထပ်ခြေစစ်ပွဲအောင်အသင်းအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အိမ်ရှင်ကာတာ၊ ဂျာမနီတို့နဲ့အတူ စုစုပေါင်း ၃ သင်းအထိဖြစ်လာခဲ့ပါတယ်။ 



ဒိန်းမတ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို Joakim Maelhe က သွင်းယူခဲ့တာဖြစ်ပြီး အုပ်စု (စ) မှာ ထိပ်ဆုံးနေရာကို ရယူခဲ့ကာ ဒုတိယနေရာက စကော့တလန်ကို ၇ မှတ်ဖြတ်တောက်နိုင်ခဲ့ပြီး လက်ကျန် ၂ပွဲသာကျန်ရှိတော့လို့ ဘယ်လိုမှလိုက်မမီနိုင်တော့ပဲ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ပရိသတ်အားလုံးကို စိတ်ကျေနပ်အောင်စွမ်းဆာင်ပြနိုင်ခဲ့တဲ့ ဒိန်းမတ်အတွက် နောက်ထပ်အောင်မြင်မှုလည်းဖြစ်လာခဲ့ပါတယ်။ 
ယူရိုပြိုင်ပွဲမှာ အုပ်စုအဖွင့်ပွဲကို အရေးနိမ့်ခဲ့တဲ့ ဒိန်းမတ်ဟာ ဆီမီးဖိုင်နယ်အဆင့်ထိကို တက်လှမ်းနိုင်ခဲ့ကာ အိမ်အပြန်မှာတော့ သူရဲကောင်းတွေသဖွယ်ကြိုဆိုခံခဲ့ရပါတယ်။ အုပ်စု (စ) မှာတော့ စကော့တလန်နဲ့ အစ္စရေးတို့က ဒုတိယနေရာအတွက် အကြိတ်အနယ်ဖြစ်နေကြကာ ဒိန်းမတ်ကို အရေးနိမ့်ခဲ့တဲ့ သြစတြီးယားကတော့ စကော့တလန်နဲ့တောင် ၇ မှတ်အထိ ကွာဟသွားခဲ့လို့ မျှော်လင့်ချက်မဲ့သွားခဲ့ပြီဖြစ်ပါတယ်။
 


ကျန်အုပ်စုတွေမှာလည်း အသင်းကြီးတွေအားလုံးနီးပါး အခြေအနေကောင်းမွန်နေကာ ခြေစစ်ပွဲအောင်မြင်ဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားပွဲကို လွဲချော်ခဲ့ကြတဲ့ နယ်သာလန်က အုပ်စုတွင်းမှာဦးဆောင်နေကြပြီး ဆာဘီးယားနဲ့ပေါ်တူဂီ၊ ဆွီဒင်နဲ့စပိန်၊ အီတလီနဲ့ဆွစ်ဇာလန်၊ ရုရှားနဲ့ခရိုအေးရှားတို့ အကြိတ်အနယ်ဖြစ်နေကြကာ နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က