မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ မော်ရိုကိုနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်နေရာကို ပြန်လည်ရရှိဖွယ်မရှိဖို့ များနေပြီး ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီအသင်းရဲ့ လူစားဝင်ကစားသမားတွေနဲ့အတူ လေ့ကျင့်ရေးပြုလုပ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းဟာ ပြင်ပ ပရောဂတွေကြောင့် မပြိုကွဲနိုင်အောင် အရမ်းစည်းလုံးမှုရှိတယ်လို့ ပြောကြားခဲ့ပြီး အသင်းကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂါနာနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး အဲဒီပွဲစဉ်နောက်ပိုင်းမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဖီဖာကလည်း ဥရုဂွေးနဲ့ပွဲစဉ်က သွင်းဂိုးကို ရော်နယ်လ်ဒိုရဲ့ ဂိုးအဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင်က နည်းပြဆန်းတို့စ်နဲ့ မပြေမလည်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒါကြောင့် ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့်လည်း စိတ်မကျေမနပ်ဖြစ်နေမှုကို အသင်းဖော်တွေအောင်ပွဲခံနေချိန်မှာ နောက်ထပ်တစ်ကြိမ် ကွင်းထဲကနေ အစောဆုံးထွက်သွားပြီး ပြသခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ပွဲမှာ ရော်နယ်လ်ဒိုရဲ့ နေရာကို ဝင်ကစားပေးခဲ့တဲ့ ဂွန်ဆာလို ရာမို့စ်က ၁၉၉၀ နောက်ပိုင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ မော်ရိုကိုနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်နေရာကို ပြန်လည်ရရှိဖွယ်မရှိဖို့ များနေပြီး ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီအသင်းရဲ့ လူစားဝင်ကစားသမားတွေနဲ့အတူ လေ့ကျင့်ရေးပြုလုပ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ယနေ့မှာ ပေါ်တူဂီသတင်းစာ Record က ရော်နယ်လ်ဒိုဟာ ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြောင့် ကမ္ဘာ့ဖလားအိပ်မက်ကို လက်လျှော့ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကလည်း ချက်ချင်း ထုတ်ပြန်ကြေညာချက်ထုတ်ပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အင်စတာဂရမ်အကောင့်ကနေ စိတ်ပူနေတဲ့ ပရိသတ်တွေကို သတင်းစကားပါးလိုက်ပြီဖြစ်ပါတယ်။ "ဒီအစုအဖွဲ့က ပြင်ပ ပရောဂကြောင့် ပြိုကွဲဖို့အတွက်ဆိုရင် အရမ်းကို စည်းလုံးညီညွတ်မှုရှိလွန်းပါတယ်။ ဘယ်လို ရန်သူမျိုးရဲ့ ခြိမ်းခြောက်မှုကိုမဆို ကြောက်ရွံ့ဖို့အတွက်လည်း ရဲရင့်လွန်းတဲ့ လူမျိုးပါ။ ဒီကမ္ဘာ့ဖလားက စစ်မှန်တဲ့အိပ်မက်ဖြစ်လို့ အိပ်မက်အတွက် အဆုံးသတ်အချိန်အထိ တိုက်ပွဲဝင်သွားမှာပါ"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က