ရက်ရက်စက်စက်ကို ခန့်မှန်းချလိုက်တာဖြစ်ပါတယ်။

ပြင်သစ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ကင်မရွန်းနဲ့ မော်ရိုကိုတက်ရောက်နိုင်လိမ့်မယ်လို့ ကင်မရွန်းတိုက်စစ်မှူးဟောင်းနဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆင်မြူရယ်အီတူးက ခန့်မှန်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။ အီတူးက အုပ်စုအဆင့်ကနေ အာဖရိကအသင်းငါးသင်းလုံး တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေအဖြစ် တူနီးရှား၊ ဂါနာ၊ ဆီနီဂေါတို့လည်း ပါဝင်ကစားမှာဖြစ်ပြီး အီတူးရဲ့ ခန့်မှန်းပြောဆိုမှုက ပရိသတ်တွေအတွက်တော့ လှောင်ပြောင်စရာဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့တပတ်ကျော်လောက်ကလည်း နီကိုလပ်အနယ်လ်ကာက သီယာရီအွန်နရီထက် ပိုကောင်းတယ်လို့ မှတ်ချက်ပြုခဲ့သေးလို့ အီတူးရဲ့ ပြောဆိုမှုက အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါသေးတယ်။ 

အခုအခါမှာလည်း သူက "အာဖရိကက ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာဆိုရင် ဗိုလ်စွဲနိုင်အောင်သန်မာမှုတွေ အမြဲတမ်းရှိပါတယ်၊ ဒါပေမယ့် ကျနာ်တို့ရဲ့ အကောင်းဆုံးပုံစံတွေကို ဘယ်တုန်းကမှ မပြသနိုင်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့နှစ်တွေမှာ အာဖရိကအသင်းတွေက ပိုပြီးတော့အတွေ့အကြုံရှိလာပါပြီ၊ သူတို့က ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရရုံလေးတခုတည်းကိုပဲ လုပ်ပြနိုင်တော့တဲ့ အသင်းတွေမဟုတ်တော့ပါဘူး"

"ဗိုလ်စွဲအောင်အထိပါ လုပ်ပြနိုင်တဲ့အသင်းတွေဖြစ်လာပါပြီ၊ ဗိုလ်လုပွဲကို ကင်မရွန်းတက်ရောက်နိုင်ပြီးတော့ မော်ရိုကိုနဲ့ တွေ့ဆုံပြီး အနိုင်ယူနိုင်ပါတယ်၊ ဒါက အိပ်မက်တခုအမှန်တကယ်ဖြစ်လာနိုင်တာမျိုးပါ၊ ကစားသမားတိုင်းအတွက်၊ ဆုဖလားတွေရယူဖို့ဆိုတာ ပန်းတိုင်တခုပဲ၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌတဦးအနေနဲ့ ကင်မရွန်းကမ္ဘာ့ဖလားဆွတ်ခူးမှာကို ကျနော်မြင်ချင်ပါတယ် လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 


အာဖရိကအသင်းတွေဟာ ကမ္ဘာ့ဖလားမှာ တကြိမ်မှဗိုလ်မစွဲခဲ့ဖူးဘဲ အများအားဖြင့်ကွာတားဖိုင်နယ်အဆင့်ထိသာ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့ဖူးတာဖြစ်ပါတယ်။ 

Share

က္က