ပရိသတ်တွေအတွက် ကျေနပ်စရာမဖြစ်ခဲ့ပါဘူး။

လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ကွင်းအတွင်း ဘီယာသောက်ခွင့်ပြုလိုက်ပေမယ့် ပရိသတ်တွေအနေနဲ့ Budweiser က ထုတ်လုပ်တဲ့ အယ်လ်ကိုဟော လုံးဝမပါဝင်တဲ့ ဘီယာကိုသာ သောက်သုံးခွင့်ရရှိမယ်လို့ သိရှိရပါတယ်။ အစောပိုင်းမှာ ကွင်းအတွင်း ဘီယာသောက်ခွင့်ပိတ်ပင်ထားပြီး ဒါဟာ ကာတာနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ အယူအဆ ပြင်းထန်မှုတွေကြောင့်ဖြစ်ပါတယ်။



ပရိသတ်တွေဟာ အယ်လ်ကိုဟောနဲ့ပတ်သက်လို့ ကာတာမှာ နေရာအကန့်အသတ်နဲ့သာ ဝယ်ယူသောက်သုံးနိုင်မှာဖြစ်ပြီး လူမြင်ကွင်းမှာ သောက်သုံးရင်လည်း ဖမ်းဆီးထောင်ချခံရမယ်လို့ သတိပေးခံထားရပါတယ်။ ဒါ့အပြင် ကွင်းပတ်ဝန်းကျင် သတ်မှတ်ထားတဲ့နေရာတွေမှာ ပွဲမစခင် (၃) နာရီအလိုနဲ့ ပွဲအပြီးတနာရီမှာပဲ ဘီယာဝယ်ယူခွင့်ရရှိမယ်လို့ စည်းကမ်းချမှတ်ထားပါတယ်။

အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ ဝေဖန်မှုတွေပြင်းထန်ခဲ့ပြီး အခုချိန်မှာတော့ တဆင့် ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြေလျှော့မှုကလည်း ပရိသတ်တွေအတွက် ကျေနပ်စရာမဖြစ်ခဲ့ပါဘူး။ တာဝန်ရှိသူတွေက ပရိသတ်တွေအနေနဲ့ ကွင်းထဲမှာ အယ်လ်ကိုဟောလုံးဝမပါဝင်တဲ့ ဘီယာကိုသာ သောက်သုံးခွင့်ရှိမယ်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဒီလိုမျိုး Budweiser ဘီယာအတွက် တဘူးကို (၆) ပေါင်ခန့် ကျသင့်မှာဖြစ်ပြီး “အလွန်နူးညံ့တဲ့ Malt အရသာ၊ အေးခဲပြီး ရေငတ်ပျက်စေမယ့် အရမ်းမိုက်တဲ့ဘီယာ” အဖြစ် ကုမ္ပဏီဘက်က ညွှန်းဆိုထားပါတယ်။ ဒါပေမယ့် ရောက်လေရာအရပ်တိုင်းမှာ အမူးသောက်ပြီး ကွဲပြဲသောင်းကျန်းလေ့ရှိတဲ့ အင်္ဂလန်ပရိသတ်တွေအတွက်ကတော့ ဒီလိုမျိုး အယ်လ်ကိုဟောနည်းနည်းလေးတောင်မပါဝင်တဲ့ ဘီယာက ကျေနပ်စရာမဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ကာတာနိုင်ငံဟာ လိင်ကိစ္စတွေနဲ့ပတ်သက်လာရင်လည်း စည်းကမ်းတင်းကျပ်ထားတဲ့နိုင်ငံဖြစ်ပြီး လက်မထပ်ရသေးဘဲ အတူတူနေတဲ့ စုံတွဲပရိသတ်တွေကိုပါ စည်းကမ်းကြပ်မတ်ထားပါသေးတယ်။ ကုန်ကျစရိတ်အားဖြင့်လည်း ဟိုတယ်စရိတ်၊ အထူးသဖြင့် ဘီယာသောက်သုံးရမယ့်စရိတ်တွေက အလွန်အမင်းမြင့်မားလွန်းနေပြီး ဒီအပေါ်မှာ ဝေဖန်သံတွေကလည်း ဆက်တိုက်ထွက်ပေါ်လျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က