ဖီဖာကချီးမြှင့်မယ့် ဆုငွေဖြစ်ပြီး အခြားသောစပွန်ဆာစာချုပ်ကနေလည်း ရရှိဦးမှာပါ။

ကာတာကမ္ဘာ့ဖလားမှာသာ ဗိုလ်စွဲခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းသားတွေဟာ တဦးကို ပေါင် ၅ သိန်းအထိ အပိုဆုကြေးရရှိမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့တဦးချင်းစီရဲ့ စပွန်ဆာစာချုပ်တွေကနေလည်း ဆုကြေးငွေတွေရရှိမှာဖြစ်လို့ ပေါင်သန်းဂဏန်းအထိ ရရှိမယ့်အနေအထားမျိုးမှာရှိတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

FA ဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ပေးချေခဲ့တဲ့ ဆုကြေးငွေရဲ့ ၂ ဆအထိကို ပေးသွားမယ်လို့သိရပြီး စုစုပေါင်း ပေါင် ၁၃ သန်းဖြစ်ကာ ဂါရတ်ဆောက်ဂိတ်ရဲ့ အသင်းက ခွဲဝေရရှိမှာပါ။ ဆောက်ဂိတ်ကတော့ ပေါင် ၃ သန်းအထိ ရရှိမယ်လို့သိရပြီး မက်မောလောက်စရာ ကောင်းတဲ့ ဆုကြေးငွေတွေက အင်္ဂလန်ကို စောင့်ကြိုနေပြီလည်းဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ဖီဖာက ဆုကြေးငွေအဖြစ် ပေါင် ၃၅ သန်းအထိ ချီးမြှင့်မှာဖြစ်ပြီး ဒုတိယရအသင်းကတော့ ပေါင် ၂၅ သန်းအထိ ရရှိမှာဖြစ်ပါတယ်။ ဒါဟာ သက်ဆိုင်ရာစပွန်ဆာစာချုပ်တွေကနေ ရရှိမယ့် ဆုကြေးငွေတွေမပါဝင်သေးဘဲ ဗိုလ်စွဲမယ့်အသင်းဟာ အနည်းဆုံးပေါင်သန်း ၄၀နဲ့အထက် ရရှိမယ်လို့ ခန့်မှန်းရပါတယ်။ 

ဘရာဇီးလ်ကတော့ သူတို့နဲ့ တနှစ်ကို ပေါင်သန်း ၃၀ တန် စာချုပ်ချုပ်ဆိုထားတဲ့ Nike ဆီကနေ ဆုကြေးငွေအများဆုံးရရှိမယ်လို့သိရပြီး ဥရောပအသင်းကြီးတွေဖြစ်တဲ့ ဂျာမနီ၊ ဘယ်လ်ဂျီယံတို့ကို ကမ်းလှမ်းထားတဲ့ပုံစံနဲ့ တူညီနေတယ်လို့ သိရပါတယ်။  အင်္ဂလန်ရဲ့ ထိပ်တန်းကစားသမားတွေကတော့ သူတို့သာ အောင်မြင်ခဲ့မယ်ဆိုရင် စပွန်ဆာတွေဆီကနေ ဆုကြေးငွေအများကြီးရယူနိုင်ဦးမယ်လို့ ဆိုပါတယ်။ 



Share

Loading Next Article...
က္က