တစ်နှစ်တာအကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ၃ ကြိမ်မြောက် ရရှိခဲ့တာပါ။

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ အမေရိက နိုင်ငံတာအားကစားသတင်းအစည်းအရုံး(AIPS America)ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသား အားကစားသမားဆုအတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဗင်နီဇွဲလား အပြေးမယ် ယူလီမာ ရိုဟက်စ်ကလည်း ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီး အားကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး မက်ဆီဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသနေသူဖြစ်ပါတယ်။ ယခုလအစောပိုင်းမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ ရွှေဘောလုံးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကလပ်အသင်းအဆင့်မှာလည်း ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံးပုံစံကို ပြသနေခဲ့တာဖြစ်ပြီး ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ AIPS America က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ၃ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ကိုလံဘီယာစကိတ်သမား ဘရေယန် ကာရေနိုနဲ့ ဘရာဇီးလ်ကြယ်ပွင့် ရစ်ချာလီဆန်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ AIPS က အာဂျင်တီးနားအသင်းကိုလည်း တစ်နှစ်တာအကောင်းဆုံး လက်ရွေးစင်အသင်းအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က