ကစားသမားတွေကို စောလျင်စွာ စေလွှတ်ပေးဖို့ ဆန္ဒရှိနေတာပါ။

ပရီးမီးယားလိဂ်အသင်းတွေဟာ သူတို့ရဲ့ ကစားသမားတွေကို (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စောစီးစွာ စေလွှတ်ပေးဖို့ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ တောင်းဆိုမှုကို လက်သင့်ခံသွားမှာမဟုတ်ကြောင်း သိရှိရပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ကလည်း (၂) ပတ် ဝန်းကျင်သာ လိုတော့တာပါ။



အာဂျင်တီးနားဟာ သူတို့ရဲ့ အုပ်စုအဖွင့်ပွဲကို လာမယ့် နိုဝင်ဘာ (၂၂) ရက်နေ့မှာ ဆော်ဒီအာရေဗျနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းတွေဟာ ပြိုင်ပွဲကြီး မစတင်ခင် တပတ်အလိုမှသာ ကစားသမားတွေကို စုစည်းလေ့ကျင့်နိုင်မှာဖြစ်ပြီး အာဂျင်တီးနားကတော့ သူတို့ရဲ့ ကစားသမားတွေကို လက်ရွေးစင်အသင်းနဲ့ စောလျင်စွာ ပူးပေါင်းစေဖို့ ဆန္ဒရှိနေပါတယ်။

ဒေးလီးမေးလ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဂျင်တီးနားဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတသင်းထံ ချဥ်းကပ်ပြီး သူတို့ရဲ့ ကစားသမားတယောက်ကို လက်ရွေးစင်အသင်းအတွက် စောစောစေလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အာဂျင်တီးနားရဲ့ တောင်းဆိုမှုကို အဆိုပါကလပ်အသင်းဘက်က ငြင်းဆန်ပယ်ချခဲ့ပြီး နောက်ထပ် ဘယ်လိုမျိုးတောင်းဆိုမှုကိုမှလည်း လိုက်လျောပေးသွားမှာမဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်က ယူနိုက်တက်မှာ၊ အီမီလီယာနိုမာတီနက်ဇ်က အက်စတွန်ဗီလာမှာ၊ ရိုမားရိုးက စပါးမှာ ကစားနေကြပါတယ်။ အာဂျင်တီးနားအနေနဲ့ ကမ္ဘာ့ဖလားအတွက် သူတို့ရွေးချယ်သွားမယ့် ကစားသမားတွေကို နိုဝင်ဘာ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို လွဲချော်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်အသင်းတွေဘက်ကတော့ အာဂျင်တီးနားရဲ့ တောင်းဆိုမှုကို လက်ခံသွားဖို့မရှိဘဲ ပုံမှန်စေလွှတ်ရမယ့်အချိန်တိုင်းသာ စေလွှတ်ပေးသွားဖို့ ဆန္ဒရှိနေပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီကတော့ ကမ္ဘာ့ဖလားမတိုင်ခင် ပီအက်စ်ဂျီရဲ့နောက်ဆုံးပွဲဖြစ်တဲ့ အော်ဇေးနဲ့ပွဲကို လွဲချော်ခွင့်ပေးသွားဖို့ တောင်းဆိုသွားဖွယ်ရှိတယ်လို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က