တွဲလောင်းကျနေတဲ့ ဓာတ်ကြိုးဟာ မက်ဆီတို့ တသိုက်နဲ့ ထိလုထိခင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားမှာ အမိုးဖွင့်ဘတ်စ်ကားပေါ်မှာ ကမ္ဘာ့ဖလားနဲ့အတူ အောင်ပွဲခံလှည့်လည်နေချိန်အတွင်း ဓာတ်ကြိုးနဲ့ ငြိပြီး ပြုတ်ကျမယ့်အရေးကနေ ပွတ်ကာသီကာရှောင်လွှဲနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ တနင်္ဂနွေနေ့မှာ ပြင်သစ်အသင်းကို အချိန်ပိုအထိ ၃-၃ နဲ့ သရေကျနေခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ၄-၂ နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကကစားသမားဖြစ်ခဲ့ပြီး ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အင်္ဂါနေ့အစောပိုင်းမှာ ဗျူနို အေးရိစ် လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ကြီးမားလှတဲ့ ပရိသတ်အုပ်ကြီးရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ လက်ထဲမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ရင်း လေယာဉ်ပေါ်ကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံသားတွေကို ၃၆ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလားကို ပြသခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်နဲ့ အာဂျင်တီးနားတစ်သင်းလုံးဟာ ပြီးတဲ့နောက်မှာတော့ နိုင်ငံအတွင်း ကမ္ဘာ့ဖလား ဆုဖလားကြီးနဲ့အတူ လှည့်လည်အောင်ပွဲခံဖို့အတွက် အမိုးဖွင့် ဘတ်စ်ကားပေါ်ကို ခုန်တက်ခဲ့ကြတာဖြစ်ပြီး မက်ဆီရဲ့ညာဘက်မှာ လီအန်ဒရို ပါရေးဒက်စ်၊ ရိုဒရီဂို ဒီပေါလ်တို့က ထိုင်ခဲ့ပြီး ဘယ်ဘက်မှာ ဒီမာရီယာနဲ့ အော်တာမန်ဒီတို့က ထိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဘယ်ဖက်ကို ချိုးကွေ့ခဲ့ချိန်မှာ ကစားသမားတွေအားလုံးဟာ ပရိသတ်တွေကို လက်ဝှေ့ရမ်းနှုတ်ဆက်နေခဲ့ပြီး တွဲလောင်းကျနေတဲ့ ဓာတ်ကြိုးဟာ မက်ဆီတို့ တသိုက်နဲ့ ထိလုထိခင် ဖြစ်ခဲ့တာဖြစ်ပါတယ်။



ဘတ်စ်ကားအမိုးပေါ်မှာ ထိုင်နေခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့် ၅ ဦးစလုံးဟာ ဓာတ်ကြိုးနဲ့ မထိမိခင် စက္ကန့်ပိုင်းအလိုမှာ မြင်တွေ့ခဲ့လို့ သည်းထိတ်ရင်ဖို ရှောင်လွှဲနိုင်ခဲ့ပေမယ့်လည်း ညာဘက်အစွန်မှာ ထိုင်နေတဲ့ ပါရေးဒက်စ် ဦးထုပ်ကတော့ ဓာတ်ကြိုးနဲ့ ငြိပြီး ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်အပြီးမှာ ကံကောင်းထောက်မစွာနဲ့ ဓာတ်ကြိုးနဲ့ ငြိပြီး အသက်အန္တရာယ်ဖြစ်နိုင်တဲ့အရေးကနေ ရှောင်လွှဲနိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားကြယ်ပွင့်တွေဟာ ရယ်မောခဲ့ကြပေမယ့်လည်း တကယ်လို့ ဓာတ်ကြိုးကိုသာ အချိန်မီ မမြင်တွေ့ခဲ့ရင် အခြေအနေတွေက တော်တော်လေး ကွဲပြားခြားနားသွားခဲ့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က