နယ်သာလန်-အာဂျင်တီးနားပွဲ ကစားနေစဉ်အတွင်း ရုတ်တရက်သေဆုံးခဲ့တာပါ။

အမေရိကန်ဘောလုံးသတင်းထောက် Grant Wahl ဟာ နယ်သာလန်နဲ့ အာဂျင်တီးနားပွဲကို သတင်းလိုက်လံရယူနေစဉ်အတွင်း ရုတ်တရက်သေဆုံးခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ သက်တန့်ရောင်ပါဝင်တဲ့ အကျီကို ဝတ်ဆင်ခဲ့ကာ LGBTQ အရေးထောက်ခံမှုတွေကို ပြုလုပ်ခဲ့လို့ ထိန်းသိမ်းခံခဲ့ရသေးပြီး အခုအခါ သူ့ သေဆုံးမှုဟာ သတ်ဖြတ်ခံလိုက်ရတာလို့ သူ့ရဲ့ အစ်ကိုဖြစ်သူက ယုံကြည်နေပါတယ်။ 



သူဟာ အမေရိကန်အသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အဆိုပါအကျီကို ဝတ်ဆင်လာခဲ့လို့ လုံခြုံရေးတွေက တားမြစ်ခဲ့ပြီး အကျီပြောင်းလဲဝတ်ဆင်ခဲ့မှသာ ကွင်းအတွင်းဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အကိုဖြစ်သူ Eric Wahl က သူဟာ လိင်တူချစ်သူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပြီး ညီဖြစ်သူဟာ သူ့ရဲ့ ရပ်တည်ချက်အတွက် အသတ်ခံရတယ်လို့ ယုံကြည်နေကာ ဒီလိုမျိုးထောက်ခံမှုပြသခဲ့တာကို သူလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။ 



အွန်လိုင်းတဆင့် ဗီဒီယိုနဲ့ Eric က ပြောဆိုခဲ့ပြီး ဒီသေဆုံးမှုဟာ မတော်တဆမှုကြောင့်မဟုတ်ဘူးလို့ သူယုံကြည်ကြောင်း ပါဝင်ခဲ့ပါတယ်။ "ကျနော့်နာမည်က Eric Wahl ပါ၊ ဆီယက်တဲလ်မှာ ကျနော်နေပါတယ်၊ Grant ရဲ့ အစ်ကိုဖြစ်ပြီး ကျနော်က Gay တယောက်ပါ၊ ကမ္ဘာ့ဖလားမှာ သူ သက်တန့်အကျီဝတ်ရတဲ့ အကြောင်းပြချက်ရှိပါတယ်၊ သူက ကျန်းမာရေးကောင်းမွန်တဲ့သူတယောက်ပါ"

"သူ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေခံနေရတယ်လို့ ကျနော့်ကို ပြောခဲ့တယ်၊ သူ သွေးရိုးသားရိုးသေဆုံးတယ်လို့ ကျနော်မယုံကြည်ဘူး၊ သူ အသတ်ခံလိုက်ရတာလို့ပဲ ကျနော်ယုံကြည်တယ်၊ ဒီအတွက် ဘယ်လိုအကူအညီမျိုးပဲဖြစ်ဖြစ် ပေးကြပါလို့လည်း ကျနော်တောင်းပန်ပါတယ်၊ ကွင်းထဲမှာ သူ လဲကျသွားခဲ့တယ်၊ CPR လုပ်ခဲ့ပြီး ​Uber နဲ့ ဆေးရုံကို ခေါ်ဆောင်သွားချိန်မှာ သေဆုံးခဲ့တယ်လို့ သူ့ရဲ့ ဇနီး Celine က ပြောဆိုခဲ့ပါတယ်"

"ပြည်နယ်ဌာနနဲ့လည်း ကျနော်စကားပြောခဲ့ပြီး Celine က Ron Klain (အမေရိကန်ရှေ့နေ၊ ဂျိုးဘိုင်ဒင်လက်ထက် အိမ်ဖြူတော်ဝန်ထမ်းအကြီးအကဲဟောင်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ)၊ အိမ်ဖြူတော်နဲ့လည်း စကားပြောဆိုခဲ့ပါတယ်" လို့ Eric က ဆိုပါတယ်။ ကန်အားကစားသတင်းထောက်ရဲ့ သေဆုံးမှုကို အမေရိကန်ဆရာဝန်တွေကလည်း စစ်ဆေးနေတယ်လို့ သိရပြီး အစိုးရက ကူညီပေးမယ်လို ယုံကြည်ကြောင်း Eric က ထပ်မံပြောဆိုခဲ့ပါတယ်။ 


Share

Loading Next Article...
က္က