စပိန်ကိုတောင်မှ သူက မရွေးချယ်ထားပါဘူး။

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ ဆုဖလားဆွတ်ခူးနိုင်လိမ့်မယ်လို့ ဘာစီလိုနာနည်းပြဇာဗီက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင်တော့မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမှန်တကယ်လည်း ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေအဖြစ် ရှေ့ဆင့်နောက်ဆင့်ရပ်တည်နေကြပါတယ်။ 

ဇာဗီက "အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့က အခြားအသင်းတွေထက် နည်းစနစ်ပိုင်းမှာ တဆင့်ပိုမြင့်နေပြီ၊ ကျနော့်အမြင်ကို ပြောတာပါ၊ ဒီတော့ သူတို့က ဗိုလ်စွဲနိုင်ပါတယ်၊ ဒါတောင်မှ တခြားအံ့အားသင့်စရာတွေ ရှိကောင်းရှိလာနိုင်ပါသေးတယ်၊ စပိန်၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ကလည်း ဥရောပအသင်းကောင်းတွေပါ' လို့ စပိန်သတင်းဌာန Sport ကို ပြောဆိုခဲ့ပါတယ်။ 

အာဂျင်တီးနားကတော့ မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဗိုလ်စွဲဖို့အတွက် ရေပန်းစားနေတာပါ။ မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်တာကြောင့် ဆုဖလားရယူနိုင်ဖို့အတွက် တသင်းလုံးက အားခဲနေကြပြီး ခြေစွမ်းအရလည်း တကယ်ကောင်းမွန်နေတာကြောင့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုမှာ ထိပ်ဆုံးနားကနေ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ 

ဘရာဇီးလ်ကလည်း နေမာဦးဆောင်မယ့် တိုက်စစ်ပိုင်းတောင့်တင်းမှုကြောင့် ရေပန်းအစားဆုံးအသင်းဖြစ်နေတာပါ။ ခြေစမ်းပွဲတွေမှာလည်း ပြိုင်ဘက်တွေကို ခြေပြတ်၊ဂိုးပြတ်အနိုင်ယူထားပြီး နေရာစုံမှာ ထိပ်တန်းကစားသမားတွေ စုစည်းထားတာကြောင့် ကာတာမှာ သူတို့အောင်ပွဲခံဖို့အတွက် အားလုံးက ထိပ်ဆုံးနေရာပေးထားကြပါတယ်။ 

အာဂျင်တီးနားကတော့ အုပ်စုတွင်းမှာ ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဘရာဇီးလ်ကတော့ ဆာဘီယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က