မာရာဒိုနာအတွက်တော့ အကြီးမားဆုံး ဖြစ်ရပ်တခုပါပဲ။

ကမ္ဘာ့ဖလားသမိုင်းတလျှောက် နာမည်အကျော်ကြားဆုံးသွင်းဂိုးတွေနဲ့ ပတ်သက်လာရင် ထိပ်ဆုံးမှာရှိနေတာက အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးဟောင်းကြီး မာရာဒိုနာရဲ့ သွင်းဂိုးပါပဲ။ ကမ္ဘာ့ဖလားသမိုင်းတလ​ျှောက် အငြင်းပွားဖွယ်ရာအကောင်းဆုံးသွင်းဂိုးလည်းဖြစ်သလို လူပြောသူပြောအများဆုံး၊ ဆယ်စုနှစ်တွေများစွာကြာမြင်ခဲ့တဲ့တိုင်အောင်မှ ပရိသတ်တ​ွေ မေ့မရတဲ့ ဂိုးဖြစ်ခဲ့ပါတယ်။ 

၁၉၈၅ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားတို့ ဗိုလ်စွဲခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားမှာ သူတို့တွေ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။ ဒီလို ချန်ပီယံဆုရဲ့အဓိကဇာတ်ဆောင်ကတော့ မာရာဒိုနာပါပဲ။ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အာဂျင်တီးနားအတွက်အနိုင်ဂိုးတွေကို မာရာဒိုနာတဦးတည်းက သွင်းယူပေးခဲ့တာပါ။ အဲဒီထဲက တဂိုးကတော့ ရာစုနှစ်ရဲ့ ဂိုး လို့တောင်တင်စားခံခဲ့ရတဲ့အထိ နာမည်ကျော်ကြားခဲ့ပါတယ်။ မာရာဒိုနာက ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးလာခဲ့ပြီး အင်္ဂလန်ကစားသမားတွေကို ကျော်ဖြတ်၊ ဂိုးသမားကိုပါလိမ်ခေါက်ပြီး သွင်းယူခဲ့တာပါ။ 

နာမည်ကျော်ဘုရားပေးသောလက်ဆိုတဲ့ ဂိုးကိုတော့ မာရာဒိုနာက အင်္ဂလန်ဂိုးသမားကြီး ပီတာရှီလ်တန်နဲ့အပြိုင် ခုန်တိုက်ပြီး သွင်းယူခဲ့တာပါ။ တကယ်ဆိုရင် ပီတာရှီလ်တန်က အရပ် ၆ ပေရှိပါတယ်၊ မာရာဒိုနာက ၅ပေ ၄ လက်မသာရှိတာပါ။ အင်္ဂလန်နောက်ခံလူဖျက်ထုတ်လိုက်တဲ့ ဘောလုံးက ဂိုးပေါက်ရှေ့မှာ မြောက်တက်နေတုန်း မာရာဒိုနာက ပီတာရှီလ်တန်နဲ့ အပြိုင်ခုန်ပြီး သွင်းယူခဲ့ရာမှာ လက်နဲ့ပုတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မာရာဒိုနာက သူ လက်နဲ့ပုတ်သွင်းယူခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ 

ဒီလိုဝန်ခံခဲ့ပေမယ့်လည်း မာရာဒိုနာက "ဘုရားပေးသောလက်" လို့ နာမည်တပ်ပြောဆိုခဲ့လို့ အင်္ဂလန်တို့ ဒေါသအလိပ်လိုက်ထွက်ခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။ မာရာဒိုနာက သူ မကွယ်လွန်ခင်အချိန်အထိ အဆိုပါသွင်းဂိုးအတွက် အမြဲတစေ ဂုဏ်ယူပြောဆိုနေခဲ့ပြိး အင်္ဂလန်ကတော့ ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆိုပါသွင်းဂိုးက အာဂျင်တီးနားကို အကျိုးရှိစေခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတလျှောက်မှာ အငြင်းပွားဖွယ်ရာအကောင်းဆုံးဂိုးန​ဲ့ အကျော်ကြားဆုံးဂိုးတော့ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာတိုင်းမှာ မာရာဒိုနာရဲ့ ဘုရားပေးသောလက်ဆိုတဲ့ သွင်းဂိုးအကြောင်းကလည်း အမြဲတမ်းပြန်ပြောင်းပြောဆိုနေခဲ့ရပါတယ်။ 

၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ အင်္ဂလန်နဲ့ အနောက်ဂျာမနီတို့ ရင်ဆိုင်ခဲ့ရပြီး အာဂျင်တီးနားက ၃-၂ နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ မာရာဒိုနာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အာဂျင်တီးနားတို့ ဗိုလ်စွဲခဲ့မှုမှာ မာရာဒိုနာရဲ့ ဘုရားပေးသောလက်က အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။ အဲဒီဂိုးသာ မရခဲ့ဘူးဆိုရင် ပွဲရလဒ်ရော၊ ကမ္ဘာ့ဖလားသမိုင်းကြောင်းပါ တဆစ်ချိုးပြောင်းလဲသွားခဲ့ဖွယ်ရှိနေခဲ့တာပါ။ အခုတော့ အဆိုပါသွင်းဂိုးက သမိုင်းဝင်သွင်းဂိုးတဂိုးအဖြစ်ရှိနေခဲ့ပြီး နှစ်ပေါင်းအားဖြင့် ၃၆ နှစ်ကြာမြင့်နေခဲ့တာတောင် အမှတ်တရရှိနေကြဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က