အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွေရိုက ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ပီအက်စ်ဂျီတိုက်စစ် ကစားသမား မက်ဆီကို ဘင်ဖီကာ နောက်ခံလူ အော်တာမန်ဒီအနေနဲ့ ဒဏ်ရာရရှိအောင် ကစားခဲ့မယ်ဆိုရင် သတ်မယ့်အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲတွေကို ပြီးခဲ့တဲ့ ကြာသပတေးညက ကျင်းပပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့အတူ ဂျူဗင်တပ်စ်၊ ဘင်ဖီကာနဲ့ မက္ကာဘီဟိုင်ဖာတို့ တအုပ်စုတည်း ကျရောက်လျက်ရှိပါတယ်။ ပီအက်စ်ဂျီမှာ မက်ဆီ ပါဝင်ကစားနေသလို ဘင်ဖီကာမှာလည်း အာဂျင်တီးနားလူမျိုး နောက်ခံလူ အော်တာမန်ဒီက ပါဝင်ကစားလျက်ရှိပါတယ်။
အဲ့ဒါကြောင့်လည်း ကစားသမားဘဝက အနားယူသွားပြီဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟောင်း အဂွေရိုက “အော်တမန်ဒီရေ.... မင်း မက်ဆီကို ဒဏ်ရာရအောင် မလုပ်နဲ့နော်။ ငါမင်းကို သတ်ပစ်မှာ။ ကမ္ဘာ့ဖလားက လာနေပြီ” လို့ ပြောကြားခဲ့ပါတယ်။ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဆောင်းရာသီ၊ ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အာဂျင်တီးနားရဲ့ နောက်ထပ် အဓိကလက်ရွေးစင်တယောက်ဖြစ်တဲ့ ဒီမာရီယာကလည်း ဂျူဗင်တပ်စ်ကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘင်ဖီကာနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဒီမာရီယာနဲ့ ပတ်သက်လို့လည်း အဂွေရိုက “အော်တာမန်ဒီက ဒီမာရီယာနဲ့လည်း ရင်ဆိုင်ရဦးမှာပဲ။ တကယ်ကို သောက်တလွဲ ကိစ္စပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်နိုင်ဖွယ်ရှိပြီး သူ့ကို လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးသွားနိုင်ဖို့ အာဂျင်တီးနား တနိုင်ငံလုံးက မျှော်လင့်နေပါတယ်။ ဒီမာရီယာအတွက်လည်း ကမ္ဘာ့ဖလားက နောက်ဆုံးပြိုင်ပွဲကြီးဖြစ်လာဖို့ရှိပြီး ဒီပြိုင်ပွဲပြီးရင် လက်ရွေးစင် ကစားသမားဘဝက အနားယူတော့မယ်လို့ တရားဝင်အတည်ပြုပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဖြစ်ပါတပြုလုပ်သယ့် ဆောင်းရာသီ၊ှ အင် ကစားခားတောင်နေတအောင် အန်ဆ