ခရူးစ်နဲ့ ရော်နယ်လ်ဒိုတို့ဟာ ကွင်းပြင်ပမှာလည်း အလွန်ရင်းနှီးကြသူတွေဖြစ်ပြီး မျက်နှာချင်းဆိုင် နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

တိုနီ ခရူးစ်ဟာ လီယွန်နယ် မက်ဆီက တနင်္ဂနွေနေ့ညမှာ ကမ္ဘာ့ဖလားရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာ အာဂျင်တီးနားအသင်းက ပြင်သစ်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ကာလရှည်ပြိုင်ဘက် လီယွန်နယ် မက်ဆီက ကမ္ဘာ့ဖလားကိုင်မြှောက်သွားခဲ့တာကို ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

အများစုအတွက်တော့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြားက ထာဝရတသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာ နောက်ဆုံးမှာတော့ အဖြေထွက်သွားပြီလို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကာတာကနေ မျက်ရည်စတွေနဲ့ ပြန်သွားခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကမ္ဘာ့ဖလားကာလအတွင်း နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ၎င်းရဲ့ကစားသမားဘဝ အကောင်းဆုံးကာလဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်မှာ တိုနီ ခရူးစ်နဲ့ အတူတူကစားနေချိန်အတွင်း ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့အချိန် ဖြစ်ပါတယ်။ ခရူးစ်နဲ့ ရော်နယ်လ်ဒိုတို့ဟာ ကွင်းပြင်ပမှာလည်း အလွန်ရင်းနှီးကြသူတွေဖြစ်ပြီး မျက်နှာချင်းဆိုင် နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ ဂျာမနီ ကွင်းလယ်ကြယ်ပွင့်က အကောင်းဆုံးကစားသမားကိစ္စ အငြင်းအခုံမှာ ဘယ်တုန်းကမှ ရော်နယ်လ်ဒိုနဲ့ ဆန့်ကျင်ပြောဆိုခဲ့ခြင်းမရှိတာဖြစ်ပြီး အရင်တုန်းက ပေါ်တူဂီကြယ်ပွင့်နဲ့ပတ်သက်ပြီး ဝန်ခံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ "ကျွန်တော့် ကစားသမားဘဝနေ့တွေမှာ တသက်တာအကောင်းဆုံးကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုပါ။ ဟုတ်တာပေ့ါ။ ကျွန်တော် ဘက်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကို ဆုဖလားတွေအများကြီး အနိုင်ရရှိစေမယ့် အဆုံးအဖြတ်တွေ ပြုလုပ်ပေးခဲ့လို့ပါ"


"ရော်နယ်လ်ဒိုနဲ့အတူ ကစားရတာက စိတ်လှုပ်ရှားစရာကောင်းပြီး သဘောကျစရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က အသင်းဖော်တွေသာမကဘဲ အဝတ်လဲခန်းထဲမှာရော အပြင်မှာပါ အိမ်နီးချင်းတွေပါ။ သူက ကျွန်တော့် အိမ်ရှေ့မှာတင် နေထိုင်ခဲ့ပါတယ်။ သူက ဘယ်လောက် ပြီးပြည့်စုံလဲဆိုတာကို မြင်တွေ့နေရတာက သဘောကျစရာကောင်းပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော့်အတွက်တော့ တသက်တာအကောင်းဆုံးကစားသမားနာမည်မှာ မက်ဆီလို့ ပြောဖို့ တားမြစ်ချက်ဖြစ်နေခဲ့တာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လက်ရှိမှာတော့ မတူညီတဲ့ခံစားချက်မျိုး ရှိနေပြီး လူဆေးလ်ကွင်းမှာ မြင်တွေ့ခဲ့ရတဲ့အရာတွေကြောင့် အမြင်တွေ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းက လီယွန်နယ် မက်ဆီဟာ မေးခွန်းထုတ်စရာမလိုတဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ "ကမ္ဘာ့ဖလားရရှိဖို့ သူက ထိုက်တန်ပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းမှာ ကျွန်တော် ဒီလူလောက် ပုံမှန်ကစားနိုင်တဲ့ ဘောလုံးသမားမျိုး မမြင်ခဲ့ဖူးပါဘူး"


"ခင်ဗျား သူက ကလပ်အသင်းတွေအများကြီးအတွက် မကစားပေးခဲ့ဖူးဆိုတာကို ထည့်သွင်းတွက်ချက်တာက အရမ်းရယ်စရာကောင်းပါတယ်။ ကျွန်တော် ဆိုလိုချင်တာက အဲဒါက သက်သေပြထားတဲ့အရာတစ်ခုပါ"လို့ MagentaTV ကို ဝန်ခံပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က