အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့အောင်မြင်မှုမှာ လီယွန်နယ် မက်ဆီက အဓိကမကျခဲ့ဘူးလို့ အာဂျင်တီးနားဂိုးသမားဟောင်း ဟူဂို ဂက်တီက ပြောကြားခဲ့ပြီး မာတီနက်ဇ်ကသာ အဆုံးအဖြတ်အပေးနိုင်ဆုံးကစားသမားလို့ ယုံကြည်နေပါတယ်။

လီယွန်နယ် မက်ဆီဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့တာ ဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ၇ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့တာဖြစ်ပြီး အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟူဂို ဂက်တီက အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီထက် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ပိုပြီးတော့ အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ဂိုးသမားက မက်ဆီထက် ပိုပြီးတော့ အရေးပါခဲ့ပါတယ်။ သူက အရေးကြီးတဲ့ ဘောလုံးတွေကို ကာဗာလုပ်နိုင်ခဲ့ပြီး ပင်နယ်တီမှာ အနိုင်ရရှိခဲ့ပါတယ်။ အဆုံးအဖြတ်အပေးနိုင်ဆုံးကစားသမားက ဂိုးသမားဖြစ်ခဲ့ပါတယ်။ ပွဲစဉ်အတွင်းမှာ သူ ဘောလုံးတစ်လုံးကို မဖမ်းနိုင်ဘူးဆိုရင် အဲဒါက ဂိုးဖြစ်သွားခဲ့မှာပါ။ ဒါပေမယ့် သူ နောက်ဆုံးမိနစ်မှာ ပေါ်လာရမယ့်အချိန်ရောက်တော့ သူ ပေါ်လာခဲ့တယ်။ မက်ဆီက အဓိကမကျခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


လီယွန်နယ် မက်ဆီဟာ ဒီဇင်ဘာလမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာနဲ့ တစ်ပုံစံတည်း စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဂက်တီက ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ အာဂျင်တီးနားမှာ ၁၉၈၆ ကမ္ဘာ့ဖလားရယူပေးခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးထက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့သူဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘိုကာ ဂျူနီယာဂန္တဝင်ဂိုးသမားက လီယွန်နယ် မက်ဆီအနေနဲ့ ဘရာဇီးလ်ဂန္တဝင် ပီလီရဲ့အဆင့်အတန်းမျိုး ရောက်ရှိနိုင်မှာမဟုတ်ဘဲ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘာပေက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

"သူ့ရဲ့ ကမ္ဘာ့ဖလားက ပြောရရင် ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် သူက ဘယ်တော့မှ မာရာဒိုနာထက်ပိုပြီးတော့ ကြီးကျယ်ခမ်းနားမှာမဟုတ်ပါဘူး။ ပထမဆုံး ဘယ်သူကမှ ပီလီကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ အာဂျင်တီးနားမှာဆိုရင် ဘယ်သူကမှ ဒီယေဂိုကို ကျော်ဖြတ်လို့မရနိုင်ဘူး။ အမ်ဘာပေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က