ဆော်ဒီ အာရေဗျ လက်ရွေးစင်အသင်းကို နည်းပြဖို့အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုးမားနည်းပြ မော်ရင်ညိုဟာ ဆော်ဒီ အာရေဗျလက်ရွေးစင်အသင်း နည်းပြသစ်ဖြစ်လာဖို့ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ အယ်လ်နာဆာအသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတာကြောင့် ရီးရဲလ်မက်ဒရစ်မှာ အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ကြယ်ပွင့်ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ိဒုနဲ့လည်း ပြန်လည်ဆုံစည်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ မော်ရင်ညိုဟာ လက်ရှိမှာ ရိုးမားအသင်းနည်းပြအဖြစ်နဲ့ အလွန်ကောင်းမွန်တဲ့အလုပ်ကို လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေကလပ်အသင်းနဲ့ ယူရိုပါကွန်းဖရင့်လိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ယခုရာသီမှာတော့ ရိုးမားအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး မော်ရင်ညိုရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြဟာ ဥရောပတလွှားက ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

 

တစ်နေ့ကုန်ဆုံးသွားတိုင်း မော်ရင်ညိုရဲ့ ရိုးမားက အနာဂတ်ဟာ မရေရာမှုတွေ ပိုမို မြင့်တက်လာတာကြောင့် ဆော်ဒီ အာရေဗျ လက်ရွေးစင်အသင်းကို နည်းပြဖို့အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

 

ပေါ်တူဂီလူမျိုးနည်းပြဟာ တစ်နှစ်ကို ယူရိုသန်း ၆၀ စီ ပေးချေမှု ၂ ကြိမ် ပါဝင်တဲ့ ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ၂ နှစ်စာချုပ် ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပြီး စာချုပ်ထဲမှာ တစ်နှစ်ပြည့်ရင် စာချုပ်ဖျက်သိမ်းခွင့်နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးမြှင့်ခွင့် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က