ရော်နယ်ဒိုက ယူနိုက်တက်ကို စွန့်ခွာလိုနေတာပါ။

ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်းကြီး ကာရေဂါကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ဒီကစားသမားဟာ ယူနိုက်တက်ကထွက်ခွာဖို့ ကြိုးစားနေပေမယ့် ထိပ်တန်းအသင်းတွေက ခေါ်ယူလိုခြင်းမရှိဘဲ တန်ဟက်ခ်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုနဲ့ပတ်သက်လို့ စိတ်တိုင်းမကျဖြစ်နေတာ သေချာပါတယ်။



အဲ့ဒါကြောင့်လည်း ကာရေဂါက “ယူနိုက်တက်တို့ ရော်နယ်ဒိုကို ပြန်ခေါ်တာက ထူးဆန်းတဲ့လုပ်ရပ်လို့ ကျနော် အမြဲစဥ်းစားခဲ့ပါတယ်။ နောက်ပြီး အခုလိုအခြေအနေမျိုး ရောက်လာနိုင်တယ်လို့လည်း ကျနော် ခံစားမိပါတယ်။ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လုပ်ဆောင်ပေးခဲ့သည့်တိုင်အောင်ပေါ့။ သူက ယူနိုက်တက်နဲ့ (၂) နှစ်အပြင် အပိုတနှစ် သက်တမ်းတိုးခွင့် စာချုပ်ရှိတာပါ”

“အဲ့ဒါကို ကျနော် ယုံတောင် မယုံနိုင်ပါဘူး။ ရော်နယ်ဒိုက ဘယ်တော့မှ ဒုတိယတန်းစားလို အနေအထားမျိုးနဲ့ ကစားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားအနေနဲ့လည်း အချိန်တခု၊ အဆင့်တခုကိုရောက်ရင် အရင်နဲ့မတူတော့တာကို ကျနော်တို့လည်း သိပါတယ်။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝက ပိုမိုရှည်လျားခဲ့ပြီး ဒါကလည်း သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကြောင့်ပါ”

“ဒါပေမယ့် သူ့အသက်က အခုဆို (၃၇)၊ လာမယ့်ရာသီဆိုရင် (၃၈) ဖြစ်ပါပြီ။ ရော်နယ်ဒိုက ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေဆဲဆိုပေမယ့် သူက အရင်နဲ့တူညီတဲ့ ကစားသမားတယောက် မဟုတ်တော့ပါဘူး။ လက်ရှိအခိုက်အတန့်မှာ ဥရောပရဲ့ အခြားသောအသင်းတွေက သူ့ကိုမလိုချင်တော့ပါဘူး။ ကျနော် ပြောတာ မှားကောင်းမှားနိုင်ပါတယ်။ ယူနိုက်တက်ကလည်း သူ့ကို လက်လွှတ်ချင်ပုံမပေါ်ပါဘူး”

“အဲ့ဒါကြောင့်လည်း အခြားအသင်းတွေက ရော်နယ်ဒိုကို မလိုချင်တာပေါ့။ ခင်ဗျား တန်ဟက်ခ်ကို သွားမေးလိုက်ရင် သူလည်း ရော်နယ်ဒိုကို မလိုချင်တော့ပါဘူး။ နောက်ပြီး ယူနိုက်တက်အဝတ်လဲခန်းထဲက အသင်းဖော်တွေကလည်း ရော်နယ်ဒိုကို လိုချင်ပါဦးမလားဆိုတာလည်း ကျနော် သေချာမသိနိုင်ပါဘူး” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က