ထူးထူးခြားခြားဆိုသလို အသင်းကြီးတွေ ပင်နယ်တီဂိုးတွေနဲ့သာ အနိုင်ရခဲ့ကြပါတယ်။

မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့က သူတို့ရဲ့ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့ရာမှာ အားလုံးက ပင်နယ်တီသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်လို့ပါပဲ။


မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ တကယ်ကို ထူးထူးခြားခြားဖြစ်ခဲ့ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ်၊ယူနိုက်တက်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့အားလုံး တရက်တည်းမှာ ကစားခဲ့ရပြီး ဒီဇင်ဘာပွဲကျပ်ကာလရဲ့ သရုပ်မှန်ကိုပါ ပြသသွားခဲ့ကာ ပရိသတ်တွေကြားပြောစရာတွေအများကြီးကို ဖန်တီးသွားခဲ့ကြပါတယ်။ 

မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့က သူတို့ရဲ့ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့ရာမှာ အားလုံးက ပင်နယ်တီသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်လို့ပါပဲ။ မန်စီးတီးက ၀ုလ်ဗ်ကို အနိုင်ရရှိခဲ့ရာမှာ စတာလင်ရဲ့ တလုံးတည်းသော ပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်သလို ယူနိုက်တက်ကလည်း နော်ဝှစ်ချ်ကို ရော်နယ်ဒိုရဲ့ တလုံးတည်းသော ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒါ့အပြင် လီဗာပူးလ်ကလည်း ဆာလာရဲ့ ပင်နယ်တီဂိုးနဲ့ ဗီလာကို အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးက ၃-၂ နဲ့ လိဒ်ကိုအနိုင်ရခဲ့ရာမှာ​ ဂျော်ဂျင်ဟိုက ပင်နယ်တီ ၂လုံးအထိ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သလို နိုင်ပွဲရဖို့အတွက် အသင်းကြီးတွေ ရုန်းကန်နေရတယ်ဆိုတာကိုလည်း ထင်ဟပ်စေခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရခဲ့ရာမှာ ပင်နယ်တီသွင်းဂိုး​တော့ မပါခဲ့ပါဘူး။ ကျန်အသင်းအားလုံးက ပင်နယ်တီဂိုးတွေနဲ့ အနိုင်ရခဲ့ကြပြီး ပရိသတ်တွေကြား ဟာသလုပ်ပြောစရာ အကြောင်းအရာအဖြစ်ရှိလာခဲ့ပါတယ်။

ပွဲစဉ်တွေ ဆက်တိုက်ကစားရတာကြောင့် ကစားသမားတွေပွဲပန်းမှုရှိလာနေပြီး အလွယ်တကူနဲ့ဂိုးတွေပေးနေရတာ၊ ဂိုးသွင်းဖို့ခက်ခဲလာတာတွေကို မြင်တွေ့နေရပါတယ်။ အနားယူချိန်ထက် ကစားရချိန်က ပိုများလာချိန်မှာ ကစားသမားတွေခြေစွမ်းကျဆင်းလာပြီး ပုံမှန်ခြေစွမ်းရဖို့ကို မနည်းအားထုတ်နေရကာ နည်းပြတွေအတွက်တော့ ခေါင်းကိုက်စရာ ဒီဇင်ဘာလအဖြစ်ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က