ဒီဇိုင်းလေးလည်း တစ်ချက်ရှိုးကြည့်လိုက်

ဒေါ်လာ ၅၅၀ ဝန်းကျင်ဈေးနဲ့ 144Hz Display ၊ Snapdragon 8+ Gen 1 SoC နဲ့ 200MP ကင်မရာပါဝင်တဲ့ Motorola High-End ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

Moto Razr 2022 မော်ဒယ်နဲ့အတူ Moto X30 Pro နဲ့Motorola S30 Pro တို့ကို မိတ်ဆက်သွားတာပါ။ Moto X30 Pro ဟာ Samsung ISOCELL HP1 200MP ကင်မရာသုံး ကမ္ဘာ့ပထမဆုံးဖုန်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကွေးညွှတ်မှန်ခုံးနဲ့ Bezel ဘောင် မပါသလောက် ပါးလွှာတဲ့ ဒီဇိုင်းသုံးထားတဲ့ Moto X30 Pro ဖုန်းသစ်ဟာ စိတ်လှုပ်ရှားဖွယ်ရာ ဒီဇိုင်းနဲ့ High-End Specs တွေ ယူဆောင်လာပါတယ်။ 





အရေးကြီးဆုံးအချက်က ဒီဖုန်းဟာ ဈေးကွက်ထဲမှာ f/1.95 aperture ၊ OIS နဲ့ 16-in-1 pixel binning နည်းပညာနဲ့ Samsung ISOCELL HP1 1/1.22" sensor ပါ 200MP ကင်မရာကို ပထမဆုံး သုံးလာတယ် ဆိုတာပါပဲ။ 200MP Sensor ဟာ Pixel ၄ ခု ဒါမှမဟုတ် ၁၆ ခုကို အုပ်စုဖွဲ့ပြီး ပိုကြီး Pixel ကြီးတစ်ခုအဖြစ် စုဖွဲ့ပေးမယ့် ChameleonCell pixel-binning နည်းပညာကို အသုံးပြုထားပါတယ်။ pixel တွေကို 2.56µm size နဲ့ 16-in-1 bining လုပ်ပြီး 12.5MP Resolution ကို Default ထုတ်ပေးနိုင်ပါတယ်။ pixel တစ်ခုချင်း 1.28μm နှုန်းနဲ့ဆို 50MP Stills ပုံတွေ ရိုက်ကူးနိုင်ပြီး 0.64μm pixel နဲ့ဆို 200MP ထွက်ပါတယ်။ 

ဒီ Main Camera ဟာ 8K Videos တွေကိုလည်း 30fps နှုန်းနဲ့ ဖမ်းယူနိုင်စွမ်း ရှိပါတယ်။ Moto X30 Pro ရဲ့ ကျောဘက်ကင်မရာအိမ်ထဲမှာ 200MP Main Sensor နဲ့အတူ 50MP Ultrawide Module နဲ့ 2x optical Zoom ဆွဲရိုက်နိုင်တဲ့ 12MP Sony IMX663 Telephoto တို့ ထည့်သွင်းထားပါတယ်။ ရှေ့ဘက် မှန်အလယ်အပေါ်ဘက် Punch-Hole Cutout ထဲမှာ ဧရာမ 60MP Selfie ကင်မရာတပ်ဆင်ထားပြီး Omnivision OV60a Sensor အသုံးပြုထားတယ်လို့ ဆိုပါတယ်။ 

၂၀၂၂ ရဲ့ နည်းပညာမြင့် ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Motorola X30 Pro ဟာ Qualcomm ရဲ့ Flagship Processor သစ် Snapdragon 8 Plus Gen 1 Chip ကို သုံးထားပါတယ်။ ဒီ Chipset ဟာ RAM 8/12GB နဲ့ Storage 128/256/512GB တွေနဲ့ တွဲဖက်လာတာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 4610 mAh ပါရှိပြီး Moto ဖုန်းတွေထဲမှာ ပထမဆုံးနဲ့ အမြန်ဆုံး အားသွင်းနည်းပညာဖြစ်တဲ့ 125W Fast Charging သုံးထားပါတယ်။ ဒီနည်းပညာနဲ့ဆို ၇ မိနစ် အားသွင်းရုံနဲ့ အား ၅၀% ဝင်မှာ ဖြစ်ပြီး ၁၉ မိနစ်ဆို ဖုန်းအားအပြည့် သွင်းပြီး ဖြစ်စေမယ်လို့ Motorola က ကြေညာပါတယ်။ ဒီလို Wired Charging အပြင် ကြိုးမဲ့အားသွင်းစနစ်အနေနဲ့ 50W Wireless Charging လည်း သုံးထားပါတယ်။ 



Moto X30 Pro ဟာ Screen Size ၆.၆၇ လက်မ FHD+ ရုပ်ထွက်ပါ OLED Display သုံးထားပြီး ဘေးဘောင်တွေကို ခုံးညွတ်ထားပါတယ်။ ဒီဖုန်းရဲ့ Display Panel ဟာ 144Hz Refresh Rate ၊ HDR10+ Support နဲ့ အမြင့်ဆုံးတောက်ပမှု 1200nits ပံ့ပိုးမှု ပါရှိပါတယ်။ ဖုန်းလုံခြုံရေးအတွက် လက်ဗွေဖတ်စနစ်ကို မှန်ပြင်အောက်မှာ ထည့်ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 12 ပါ MyUI 4.0 စနစ် အသုံးပြုထားပြီး အနက်နဲ့ အဖြူ နှစ်ရောင်တည်းနဲ့ပဲ လောလောဆယ် ထွက်ထားပါတယ်။ 

ဒီဖုန်းကို လက်ရှိမှာတော့ တရုတ်ဈေးကွက်မှာပဲ ဝယ်ယူနိုင်မှာ ဖြစ်ပြီး အနိမ့်ဆုံးမော်ဒယ် 8/128GB ဗားရှင်းကို ယွမ် ၃၇၀၀ (ကန်ဒေါ်လာ ၅၄၈ ဒေါ်လာခန့်) သတ်မှတ်ထားတာ ဖြစ်လို့ လက်ရှိမြန်မာငွေနဲ့ဆို ၁၃ သိန်းကျော်ဖို့ ရှိပါတယ်။ Moto X30 Pro အမြင့်ဆုံးမော်ဒယ် 12/512GB ဗားရှင်းကိုတော့ ၄၄၉၉ ယွမ် (၆၆၈ ဒေါ်လာခန့်) ကျသင့်ပြီး လက်ရှိ မြန်မာငွေနဲ့ဆို ၁၆ သိန်း ကျော်မယ်လို့ ပြောနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က