အမိုက်စား High-End Gaming Monitor လာြီ

Samsung ရဲ့ ကိုယ်ထည်အကွေးညွှတ်ဆုံး အလန်းစား Gaming Monitor သစ် ထွက်လာပြီ ဖြစ်ပါတယ်။ 

ဈေးနှုန်း မကြေညာသေးပေမယ့် Odyssey Neo G8 မော်နီတာကို ပရီမီယံဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ မျက်နှာပြင် ၃၂ လက်မအရွယ် Samsung Odyssey Neo G8 ဟာ ကမ္ဘာ့ပထမဆုံး 4K 240Hz Panel သုံးထားပြီး Monitor Screen ကွေးညွှတ်မှု 1000R (အချင်း ၁၀၀၀ မီလီမီတာခုံး) အထိ ရှိသလို Quantum Mini LED backlighting နောက်ခံအလင်းထုတ်မှုလည်း ပါဝင်ပါတယ်။ 



Photo: GSMArena


mini LED နောက်ခံအလင်းစနစ်ဟာ ပုံမှန် LED ထုတ်ကုန်တွေမှာ သုံးတဲ့ အရွယ်အစားရဲ့ အပုံ ၄၀ ပုံ တစ်ပုံပဲ ရှိမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ Quantum Matrix နဲ့ Quantum HDR 2000 နည်းပညာတွေကြောင့် Display ဟာ HDR Content တွေကို နောက်ခံအလင်းထိန်းညှိမှုတွေမှာ အမြင့်ဆုံးတောက်ပမှု 2000 nits အထိ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ screen ပေါ်မှာ ပြမယ့် အရုပ်တွေနဲ့ လိုက်ဖက်အောင် monitor ရဲ့ နောက်မှာ RGB အလင်းစနစ်ကို ချိန်ညှိပေးမယ့် CoreSyns လုပ်ဆောင်ချက်လည်း ထည့်ပေးထားပါတယ်။ 

Odyssey Neo G8 monitor ဟာ HDMI 2.1 ports နှစ်ခုနဲ့ DisplayPort 1.4 ချိတ်နိုင်မယ့် port တစ်ခုလည်း ပါဝင်ပါတယ်။ Auto Source Switch+ feature ကြောင့် ပါဝါယူထားတဲ့ sources ကို အလိုအလျောက် ပြောင်းပေးနိုင်စွမ်းလည်း ရှိမှာပါ။ Response Time 1ms အထိ ရှိပြီး Screen Refresh rate 240Hz အထိ Support ပေးထားတာက ဒီ Monitor ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ 

Photo: The Verge

ဒီဇိုင်းပိုင်းမှာ Odyssey Neo 8 ဟာ screen size ၄၉ လက်မ Neo 9 နဲ့ ဆင်ပြီး ကွေးညွှတ်မှု သာသလို QHD+ ရုပ်ထွက်ကနေ 4K Resolution အထိ မြှင့်ထားတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီထုတ်ကုန်ဟာ AMD FreeSync Premium Pro နဲ့ Nvidia ရဲ့ G-Sync ချိန်ညှိမှုနည်းပညာတွေနဲ့လည်း တွဲသုံးနိုင်တာဖြစ်လို့ အမြင့်စားဂိမ်းတွေကို 4K ရုပ်ထွက် ၊ High Refresh Rate နဲ့ အသာလေး ကစားနိုင်မှာ ဖြစ်ပါတယ်။ 

Samsung ရဲ့ ဒီထုတ်ကုန်ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပေမယ့် ဇန်နဝါရီ ၅-၇ CES ၂၀၂၂ ပွဲမှာ ဈေးနှုန်းနဲ့တကွ ကြေညာသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က