Sony Xperia Mark စီးရီးတွေဟာ ကင်မရာနည်းပညာပိုင်းမှာ အမြဲတမ်း အသစ်အသစ်တွေ ချပြနေကြပါ။ အသစ်ထွက်လာတဲ့ Xperia 1 IV မှာလည်း ဆန်းသစ်ထူးခြားတဲ့ စမတ်ဖုန်းကင်မရာစနစ်တွေ အသုံးပြုလာပါတယ်။
Sony Xperia 1 IV ဟာ 85mm နဲ့ 125mm range ဆွဲရိုက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး True Optical Zoom Lens သုံး ဖုန်းအဖြစ် ထွက်လာတာပါ။ အားကစားပွဲတွေ ၊ Wildlife မြင်ကွင်း စတဲ့ အဝေးဆွဲ ရိုက်ချက်တွေမှာ ဒီဖုန်းရဲ့ တယ်လီဆွဲချက်အစွမ်းကို ကောင်းကောင်း ခံစားရနိုင်ပါတယ်။ Optical Magnification ဆွဲချဲ့မှုအတွက် 3.5-5x Optical Zoom ရမှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ ၃ လုံးစလုံးကို 12MP Sensor သုံးထားပါတယ်။
Main Camera ဟာ 1/1.7" Sensor နဲ့ OIS ပါ 24mm Lens နဲ့ လာပြီး 16mm Ultrawide f/2.2 aperture ၊ 1/2.5" sensor သုံးထားပါတယ်။ ဒီကင်မရာနှစ်လုံးရဲ့ အောက်မှာ 3D TOF Sensor နဲ့လာပြီး တတိယမြောက်ကင်မရာဟာ Optical SteadyShot ပါ Periscope စတိုင် 85-125mm f/2.8 lens ၊ 1/3.5" sensor ပါရှိပါတယ်။ ကင်မရာသုံးလုံးစလုံးဟာ 120fps High-Speed Readout စနစ်နဲ့ လာတာကြောင့် 4K Video ကို 120fps နှုန်းအထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ကျောဘက်ကင်မရာအားလုံးဟာ Sony ရဲ့ Real-Time Eye Autofocus (AF) ၊ Real-Time Tracking စွမ်းဆောင်ရည် ၊ AI နည်းပညာသုံး White Balance အလိုအလျောက်ချိန်ညှိစနစ် နဲ့ Sony Alpha ကင်မရာတွေမှာ ပါခဲ့တဲ့ ကင်မရာနည်းပညာတွေ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာ Lens တွေ အရောင်ပြန်မှု လျှော့ချပြီး အရောင်နဲ့ ရုပ်ထွက် တိကျမှန်ကန်ရေးအတွက် Zeiss T* Coating Optics နည်းပညာ သုံးပေးထားပါတယ်။ ရှေ့ Selfie ကင်မရာကိုလည်း 12MP Exmor RS Sensor သစ် သုံးထားပြီး အလင်းအားနည်းချိန် Selfie ရိုက်ချက်တွေကို အကောင်းဆုံး ပံ့ပိုးသွားမှာပါ။
ကင်မရာစွမ်းဆောင်ရည်ဆိုင်ရာ ချီးကျူးစရာတပုံတပင် ရှိတဲ့ Sony Xperia 1 IV ဟာ Mobile Gaming Experience ပိုင်းအတွက်ပါ အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၅ လက်မ 21:9 HDR 120Hz OLED Display နဲ့လာပြီး 240Hz Motion Blur နဲ့ 240Hz Touch-Scanning Rate စနစ်တို့ ပါရှိပါတယ်။ နောက်ဆုံးပေါ် အဆင့်မြင့် Snapdragon 8 Gen 1 Mobile Platform နဲ့ ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် Qualcomm ရဲ့ Snapdragon Elite Gaming စနစ်တို့ သုံးထားပါတယ်။ Snapdragon Elite Gaming စနစ်ဟာ ဂိမ်းကစားစဉ် အားသွင်းချိန်မျိုးမှာ အပူလွန်ကဲမှုကို အလိုအလျောက် လျှော့ချနိုင်တဲ့ Heat Suppression Power Control လုပ်ဆောင်ချက်လည်း လုပ်နိုင်မယ်လို့ ဆိုပါတယ်။
အဆင့်မြင့် ဖျော်ဖြေရေးတွေ ခံစားနိုင်ဖို့ Display ဟာ ကာလာနဲ့ ရုပ်ထွက်မှန်ကန်ပြတ်သားမှု ပေးနိုင်မယ့် Bravia HDR Remaster နည်းပညာ ၊ ရုပ်ရှင်ရုံအတွင်းမှာ ခံစားရမယ့် ပတ်ပတ်လည် Dolby Atmos အသံစနစ်တို့ တပ်ဆင်ထားပါတယ်။ LiveStreaming ရိုက်ချက်တွေအတွက်လည်း Eye AutoFocus နဲ့ အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုအတိုင်း ခြေရာခံ ရိုက်ကူးနိုင်မယ့် Videography Pro Mode တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အရင် Xperia မျိုးဆက်အတိုင်း Xperia 1 IV ဟာ Alpha Camera နဲ့ ချိတ်ဆက်ပြီး External Monitor အဖြစ်လည်း အသုံးချနိုင်မှာပါ။
တခြား Features တွေအနေနဲ့ IP65/68 Rating ရေစို/ဖုန်တင်ဒဏ်ခံနိုင်ရည် ရှိပြီး မှန်အရှေ့နဲ့ အနောက်ကို Gorilla Glass Victus အုပ်ပေးထားပါတယ်။ 5G ကို Sub-6 နဲ့ mmWave နှစ်မျိုးလုံး ပံ့ပိုးထားပြီး WiFi 6E ၊ RAM 12GB/512GB Storage အပြင် microSD Card Support လည်း ပါဝင်ပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ 30W Fast Charging ပံ့ပိုးထားသလို ကြိုးမဲ့အားသွင်းနည်းပညာလည်း Support ပေးထားပါတယ်။ Sony Xperia 1 IV ကို အနက် နဲ့ ခရမ်းရောင် နှစ်မျိုးနဲ့ လာပြိး ဈေးနှုန်း ယူရို ၁၄၀၀ ( မြန်မာငွေ ၂၈ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။