ကမ္ဘာ့ပထမဆုံးဖြစ်တဲ့အပြင် အရေအတွက်အကန့်အသတ်နဲ့ ရောင်းချမယ့် ဖိနပ်လည်းဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက တိရစ္ဆာန်တွေရဲ့သားရေ လုံးဝမပါဝင်ဘဲ အစားထိုးအရာတွေနဲ့ ရာနှုန်းပြည့် ပြုလုပ်ထားတဲ့ ဘောကန်ဖိနပ်တစ်ရံကို Adidas နဲ ပူးပေါင်းထုတ်လုပ်သွားမယ်လို့ သိရှိရပါတယ်။ ဒီဖိနပ်ကို ဒီဇိုင်းရေးဆွဲဖန်တီးမယ့်သူကတော့ စတယ်လာမက်ကာနေးဖြစ်ပြီး ကမ္ဘာ့ပထမဆုံး Vegan ဘောကန်ဖိနပ်ဖြစ်လာမှာပါ။



အဆိုပါ Vegan ဖိနပ်ကို အကန့်အသတ်နဲ့သာ ထုတ်လုပ်မှာဖြစ်ပြီး တန်ဖိုးအားဖြင့် ယူရို (၂၈၀) ကျသင့်မှာဖြစ်ပါတယ်။ ဒီဖိနပ်ကို ထူးခြားဆန်းသစ်တဲ့ အရည်အသွေးနဲ့ ဖန်တီးမယ့်အပြင် ရေရှည်ခံမယ့်တန်ဖိုးတွေကိုလည်း ထည့်သွင်းဖန်တီးသွားမယ်လို့ ဆိုထားတာပါ။

Predator ရဲ့ နောက်ဆုံးပေါ် ဆန်းသစ်ထားတဲ့ စွမ်းဆောင်မှုတွေအပြင် စနစ်တကျခွဲခြမ်းစိတ်ဖြာထားတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုပဲ အသုံးပြုဖန်တီးမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖိနပ်ကို ဖန်တီးထုတ်လုပ်ဖို့အတွက် ယူနိုက်တက်ရဲ့ အသက် (၂၈) နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက အဓိကနေရာမှ ပါဝင်ပြီး ဒီဖိနပ်နဲ့ပတ်သက်လို့ “ထူးခြားရဲရင့်ပြီး တန်ဖိုးရှိတဲ့အရာ” အဖြစ် မှတ်ချက်ပြုခဲ့ပါတယ်။ ပေါ့ဘာက “ကျွန်တော်က ဘောလုံးသမားတစ်ယောက်ဆိုပေမယ့် ဖက်ရှင်နဲ့ဒီဇိုင်းတွေကို အရမ်းစိတ်ဝင်စားပြီး ဒါကိုအရမ်းစူးစမ်းချင်ခဲ့ပါတယ်”


“အခုလိုပူးပေါင်းဆောင်ရွက်မှုက ကျွန်တော့်အတွက်တော့ တကယ်ကို ထူးခြားကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မက်ကာနေးရဲ့ ပရိသတ်တစ်ယောက်အဖြစ် ကာလရှည်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က The Huddle ကို အတူတူဖန်တီးရင်း ဒီအတွက်ပါ အိုင်ဒီယာရခဲ့ပါတယ်”

“အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ Lockdown ကျနေပြီး ဘောလုံးကစားရတာကို အရမ်းလွမ်းဆွတ်ခဲ့ရပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့စိတ်အားထက်သန်မှု၊ စတိုင်တို့ကို ပေါင်းစပ်ပြီဂ ဒီလိုမျိုးအာရုံစိုက်နိုင်ခဲ့တာ အံ့အားသင့်စရာခံစားချက်ပါပဲ”

“ကျွန်တော်နဲ့ Adidas အတူတူ ဖန်တီးလိုက်တဲ့ ဖိနပ်က ထူးခြားရဲရင့်ပြီး ကွင်းထဲမှာ ဒီဖိနပ်ကို ဝတ်ဆင်ကစားဖို့ ကျွန်တော်မစောင့်နိုင်တော့ပါဘူး” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

Share

က္က