လူမှုကွန်ရက်ပေါ်မှာ Liked အများဆုံးပို့စ်အဖြစ် စံချိန်တင်ထားတဲ့ ကြက်ဥရဲ့ပုံကို လျင်လျင်မြန်မြန်ပဲ ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့ပြီးနောက် ဖလားအတု ပါဝင်တဲ့ လီယွန်နယ် မက်ဆီရဲ့ အင်စတာဂရမ်ပို့စ်ဟာ စံချိန်ချိုးခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့လ ကာတာမှာ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာဘောလုံးလောကရဲ့ အမြင့်မားဆုံးအောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ လူဆေးလ်ကွင်းကြီးထဲမှာ အောင်ပွဲခံဓာတ်ပုံအများအပြားကို မျှဝေခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ Liked အများဆုံးပို့စ်အဖြစ် စံချိန်တင်ထားတဲ့ ကြက်ဥရဲ့ပုံကို လျင်လျင်မြန်မြန်ပဲ ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းဖော်တွေကိုင်မြှောက်ထားတဲ့ ဆုဖလားဟာ ပုံတူပွားထားတဲ့ ဆုဖလားသာဖြစ်ပြီး ဖီဖာက အာဂျင်တီးနားအသင်း ဆုဖလားကိုင်မြှောက်ပြီးနောက် ချက်ချင်းပဲ မူရင်းဆုဖလားကြီးကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအရ ပြန်လည်သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနားကစားသမားတွေဟာ အောင်ပွဲခံဖို့သာ အာရုံစိုက်နေတာကြောင့် ဆုဖလားက အစစ်မဟုတ်ဘူးဆိုတာကို သတိမပြုမိခဲ့ဘဲ ဒီမာရီယာက ကမ္ဘာ့ဖလားပုံတူကူးထားတဲ့ ကမ္ဘာ့ဖလားအတုကို ကိုင်မြှောက်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။


ပြီးတဲ့နောက်မှာ ဒီမာရီယာက အသင်းခေါင်းဆောင်အဖြစ်နဲ့ အောင်ပွဲခံမှုကို ဦးဆောင်ရမယ့် တာဝန်ရှိတဲ့ လီယွန်နယ် မက်ဆီကို လက်ကမ်းပေးခဲ့ပြီး အဲဒီကမ္ဘာ့ဖလားရုပ်တုကို မန်နူရယ်နဲ့ ပေါ်လာလို့ အမည်ရတဲ့ အာဂျင်တီးနားစုံတွဲက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Share

က္က