ပေါင် ၇၃၁၀၀၀ တန်ကြေးရှိပါတယ်။

အဆိုပါနာရီကို ၂၀၁၉ ခုနှစ်က ဝယ်ယူခဲ့တာလို့သိရပြီး ကုမ္ပဏီဘက်က ရောင်းချခဲ့သမျှ နာရီတွေထဲမှာ စျေးအကြီးဆုံးလည်းဖြစ်တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာစျေးအကြီးဆုံးလို့ ဆိုရမယ့် ပေါင် ၃၇၁၀၀၀ တန်ကြေးရှိတဲ့ အဖိုးတန်နာရီကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါယ်။ ယူနိုက်တက်ကြယ်ပွင့်ကစားသမားဟာ ဘောလုံးလောကမှာ လက်ရှိကစားနေတဲ့ ကစားသမားတွေထဲ ဝင်ငွေပေါင် ၁ ဘီလျံအထိရရှိတဲ့ ကစားသမားနှစ်ဦးတည်းက တစ်ဦးဖြစ်ပြီး သူနဲ့အတူ မက်ဆီက ရပ်တည်နေတာဖြစ်ပါတယ်။ 



အားကစားလောကရဲ့ ဝင်ငွေအကောင်းဆုံးကစားသမားထိပ်ဆုံး ၅ ဦးစာရင်းထဲမှာလည်း ရော်နယ်ဒိုက ပါဝင်နေတာကြောင့် သူ့ရဲ့ ဒီလိုပိုင်ဆိုင်မှုက သိပ်တော့အံ့ဩစရာတော့မရှိပါဘူး။ ငွေကြေးကြွယ်၀ချမ်းသာလာတာနဲ့အမျှ အဖိုးတန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရတာကို နှစ်ခြိုက်တဲ့ ရော်နယ်ဒိုဟာ Rolex တံဆိပ်နာရီတစ်လုံးအတွက် ပေါင် ၄ သိန်းနီးပါး သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါနာရီကို ၂၀၁၉ ခုနှစ်က ဝယ်ယူခဲ့တာလို့သိရပြီး ကုမ္ပဏီဘက်က ရောင်းချခဲ့သမျှ နာရီတွေထဲမှာ စျေးအကြီးဆုံးလည်းဖြစ်တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ ၁၈ ကာရက်ရှိတဲ့ ရွှေဖြူပါဝင်ပြီး ၃၀ ကာရက်ရှိတဲ့ စိန်တွေနဲ့ ခြံရံထားကာ တဖိတ်ဖိတ်တောက်ပနေတဲ့ နာရီဖြစ်ပြီး အခြားသောအဖိုးတန်နာရီတွေနဲ့ပါ သိသိသာသာကွဲပြားနေတာဖြစ်ပါတယ်။ 

ခရစ္စမတ်လက်ဆောင်အဖြစ် ရော်နယ်ဒိုက ကိုယ့်ကိုကိုယ်ပေးခဲ့တယ်လို့ ယူဆရပြီး အကြောင်းရင်းကတော့ ၂၀၁၉ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သူက ပထမဆုံးအကြိမ်ဝတ်ဆင်ခဲ့တာကြောင်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေရာတိုင်းမှာ ဝတ်ဆင်နေတာမဟုတ်ဘဲ ပထမဆုံးလူသိရှင်ကြားဖြစ်ခဲ့ရတာကတော့ ၂၀၂၀ ဇန်နဝါရီလက ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Global Soccer Awards ဆုပေးပွဲမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က