KBZPay Mini App Solution ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်စေမယ့် အခွင့်အလမ်းတွေ ရှာဖွေတာကို အားပေးကူညီဖို့ ရည်ရွယ်တဲ့ KBZPay Ecosystem Summit အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က Wyndham Grand Yangon ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ နည်းပညာဆိုင်ရာ Developer တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
Pic crd KBZPay
KBZPay ကနေ တစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်မယ့် အကြောင်းအရာတွေကို ဆွေးနွေးအဖြေရှာခဲ့ကြသလို ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာနိင်ငံက Developer Community ကို ချိတ်ဆက်ပေးဖို့အတွက် နိဒါန်းပျိုး အစပြု ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
KBZPay အနေနဲ့ ခုလို ဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ကျင်းပ ပြုလုပ်သွားမယ့်အကြောင်း အခမ်းအနားမှာ ပြောသွားပါတယ်။ KBZPay Mini App solution ဆိုတာကတော့ KBZPay App ထဲမှာ ရှိပြီးတော့ KBZPay မိတ်ဖက်စျေးဆိုင်တွေနဲ့ အသုံးပြုသူတွေကို အဆင်ပြေလွယ်ကူစွာ ချိတ်ဆက်ပေးမယ့် ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်တဲ့ Mini အက်ပလီကေးရှင်းတွေဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။
Pic crd KBZPay
ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းအောင်ကတော့ "တစ်နိုင်ငံလုံးမှာ လူတိုင်းလက်လှမ်းမီနိုင်တဲ့ ငွေကြေးစနစ် ရရှိနိုင်ဖို့နဲ့ နိုင်ငံရဲ့ လူဦးရေ အများစုကို ဒစ်ဂျစ်တယ် ငွေကြေးဂေဟစနစ်ဆီကို ခေါ်ယူဖို့ အားထုတ်တဲ့နေရာမှာ KBZPay ဂေဟစနစ် Ecosystem ကို ပိုပြီး ကျယ်ပြန့် တိုးတက်အောင် တည်ဆောက်ဖို့ ကျွန်တော်တို့ ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် KBZPay ထဲမှာ Mini Apps တွေ ဖန်တီးပြုလုပ်ပြီး အကောင်အထည်ဖော်ကြဖို့အတွက် လုပ်ငန်းတွေကို အားပေးတိုက်တွန်းနေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို ပိုမိုကောင်းမွန်စုံလင်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ လုပ်ငန်းတွေအနေနဲ့လည်း အသုံးပြုသူအများအပြားနဲ့ ချိတ်ဆက်လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ်ပိုင်း ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွေမှာချောမွေ့လွယ်ကူလာမှာပဲဖြစ်ပါတယ်။"လို့ ပြောကြားခဲ့ပါသည်။
Pic crd KBZPay
ကမ္ဘောဇဘဏ်လီမိတက်ဒုတိယမန်နေးဂျင်းဒါရိုက်တာ ဦးစိုးကိုကိုကလည်း "ဒစ်ဂျစ်တယ်လူနေမှုဘ၀၏ အနာဂတ်ကို စူးစမ်းခြင်း" ဆိုတဲ့ ခေါင်းစဉ်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းက စီးပွားရေး လုပ်ငန်းကြီးငယ် တို့ KBZPay ကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် အသုံးချပြီး အခွင့်အလမ်းတွေနဲ့အတူ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်တဲ့ ရလဒ်တစ်ခု ဖန်တီးပေးမယ့် အနာဂတ်ကိုမျှော် မှန်းတွေးဆထား ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။