ခရီးသွားဧည့်သည်တွေ လိုက်နာရမယ့် အချက် ၁၈ ချက် ရှိပြီး ဟိုတယ်ဘက်ကလိုက်နာရမယ့်အချက်တွေလည်းရှိလာမယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက ချောင်းသာ ၊ ငွေဆောင်အပါ အဝင် ကမ်းခြေ ၄ ခုကို လာမယ့် ဇူလိုင်လ ပထမအပတ်အတွင်းမှာ ပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ချောင်းသာဟိုတယ်ဇုန်ကသိရပါတယ်။

ဒါပေမယ့်လည်း ကမ်းခြေတွေနဲ့ဟိုတယ်တွေပြန်ဖွင့်မယ်ဆိုရင်တောင် ရေကူးကန်သုံးခွင့်မရတာ၊သောင်ပြင်မှာ လူစုလူဝေးလုပ်တာတွေ မရဘူးလို့လည်း စည်းကမ်းတွေထုတ်ပြန်ထားပါတယ်။ ကမ်းခြေတွေ နဲ့ ကမ်းခြေက ဟိုတယ်တွေကို ကျန်းမာ ရေးဝန်ကြီးဌာန စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် တိုင်းအဆင့်ဆွေးနွေးပွဲကို မနေ့က (ဇွန်လ ၂ရက်)က ပြုလုပ်ခဲ့ရာ ၊ ဆွေးနွေးမှုတွေအရ ယခုလကုန် ဒါမှမဟုတ် ဇူလိုင်လ ပထမအပတ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ခိုင်ကပြောပါတယ်။



"ဇူလိုင်ပထမပတ်လောက်မှာ စဖွင့်နိုင်ဖို့ မျှော်မှန်းတယ်။ ဝန်ကြီးချုပ်ကခွင့်ပြုတာနဲ့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ရတယ်။ ပရိုမိုးရှင်းဆိုတာထက် ခရီးစဉ်ဘေးကင်းရေးကျန်းမာရေးကို ဦးစားပေးဆောင်ရွက်မှာဖြစ်တယ် ။ ဟိုတယ်တွေပိတ်ထားတာကြာတော့ ဒီကိုအမှီပြုလုပ်ကိုင်နေရသူတွေအဆင်မပြေဘူး။ ဒါကြောင့် စည်းကမ်းတွေနဲ့အတူပြန်ဖွင့်ဖို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကလည်း လက်ခံတယ်။ " လို့ ဦးကျော်ခိုင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လကတည်းကကမ်းခြေတွေကို ပိတ်ထားရတာဖြစ်လို့ ကာလကြာရှည်တာနဲ့အမျှ ကမ်းခြေကို အမှီပြုလုပ်ကိုင်စားသောက်နေသူအားလုံး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ကမ်းခြေပြန်ဖွင့်တဲ့အခါ ခရီးသွားဧည့်သည်တွေ လိုက်နာရမယ့် အချက် ၁၈ ချက် ရှိပြီး ဟိုတယ်ဘက်ကလိုက်နာရမယ့်အချက်တွေလည်းရှိလာမယ်လို့ဆိုပါတယ်။

ဒီစည်းကမ်းချက်တွေထဲမှာ ရေကူးကန်အသုံးပြုခွင့်မရှိခြင်း၊ သောင်ပြင်မှာ နေပူလှန်းတာ၊ လူစုလူဝေးလုပ်တာ လက်မခံခြင်းစတဲ့အချက်တွေပါဝင်ပါတယ်။ လက်ရှိ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးရှိပြီး ငွေဆောင်ကမ်းခြေမှာတော့ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိနေပါတယ်။ကမ်းခြေတွေ ပြန်ဖွင့်နိုင်ခဲ့ရင်တောင် ပြည်တွင်းခရီးသွား ကိုအဓိကထား လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က