အမေရိကန် အထူးကိုယ်စားလှယ်က မြောက်ကိုရီးယားကိုသွားရောက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကို ဟနွိုင်းမြို့မှာ ပြုလုပ်သွားမယ်လို့ ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(ထရန့်နဲ့ကင်မ် စင်ကာပူမှာ ပထမအကြိမ် ထိပ်သီးတွေ့ဆုံခဲ့စဉ်) (Photo: Reuters)

အစောပိုင်းမှာ ကင်မ်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကို ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်သွားမယ်လို့ သမ္မတထရန့်က ၎င်းရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ကြေညာထားခဲ့ပေမဲ့ မည်သည့်မြို့မှာဖြစ်ကြောင်းကို ထုတ်ဖော်မပြောခဲ့ပါဘူး။


ယခုအခါမှာတော့ ထရန့်က "ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေက မြောက်ကိုရီးယားမှာ အရမ်းအကျိုးရှိတဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ပြန်လာပါပြီ၊ ကင်မ်ဂျုံအန်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုအတွက် အချိန်နဲ့နေရာကိစ္စ သဘောတူညီမှုရခဲ့ပါတယ်၊ ဖေဖေါ်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့ကျရင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမှာပါ" လို့ Twitter မှာ ပြောထားပါတယ်။ "ကျွန်တော် ဥက္ကဋ္ဌကြီးကင်မ်ကို တွေ့ဆုံဖို့နဲ့ ငြိမ်းချမ်းရေးကိစ္စ တိုးတက်နေမှုကို စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်" လို့လည်း ထရန့်ကဆိုပါတယ်။

(အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegu) (Photo: Getty Images)

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun က ယခုသီတင်းပတ်အတွင်း ပြုံးယမ်းကို သုံးရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး ထရန့်နဲ့ကင်မ် ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲအတွက် ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်အစိုးရက ယမန်နေ့ (ဖေဖေါ်ဝါရီ ၈ ရက်) မှာ ပြောခဲ့ပါတယ်။

ထိုခရီးစဉ်အတွင်း ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲအကြို နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန် Setphen Beigun နဲ့ ကင်မ်ရဲ့ညာလက်ရုံးလို့ သိထားကြတဲ့ ကင်မ်ယောင်ချိုလ်တို့ သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။

(ကင်မ်ရဲ့ ညာလက်ရုံးအဖြစ် သိထားကြည့် ကင်မ်ယောင်ချိုလ်) ( Photo: CNN)

Setphen Beigun နဲ့ ကင်မ်ယောင်ချိုလ်တို့ဟာ ဖေဖေါ်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ပြုံးယမ်းမြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးက သမ္မတထရန့်နဲ့ ဥက္ကဋ္ဌကြီးကင်မ်တို့ရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေး စင်ကာပူထိပ်သီးဆွေးနွေးပွဲ ကတိကဝတ်များ တိုးတက်ဖြစ်ထွန်းမှု၊ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးအပြောင်းအလဲနဲ့ ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က