လူ ၁၈ ဦး ရာဘာကျည်ထိမှန်ပြီးတော့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

သရက်မြို့မှာ ဘောလုံးပွဲမှပြန်လာတဲ့ ရေပေါ်ကျွန်းကျေးရွာခံတွေနဲ့ သရက်မြို့ခံအချို့ ပဋိပက္ခဖြစ်ပွားတာကြောင့် လူ ၁၈ ဦး ရာဘာကျည်ထိမှန်ပြီးတော့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ- သရက်မြို့နယ် သတင်းများ လူမှုစာမျက်နှာ


ဖြစ်စဉ်က ဇန်နဝါရီ ၁ ရက်နေ့ ညနေ ငါးနာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ သရက်မြို့ လမ်းမတော်လမ်းပေါ်က လက်ဖက်ရည်ဆိုင်ရှေ့က ကားတစ်စီးကို ပုတ်ခဲ့ပြီးလက်ဖက်ရည်ဆိုင်ထဲက လူအချို့က စတင်ထိုးကြိတ်ခဲ့တာဖြစ်ပြီးတော့ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ မကွေးမြို့အခြေစိုက် မကွေးပို့စ်မီဒီယာမှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲကနေ သေနတ်နဲ့ ပစ်ဖောက်ပြီး ထိန်းသိမ်းခဲ့ရပြီးတော့ ၁၈ ဦးအနက် ၂ ဦးက အတွင်းလူနာအဖြစ် တက်ရောက်နေရတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က