ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှု Conference (PDC 2018 ) ကို စက်တင်ဘာ ၂၉ နှင့် စက်တင်ဘာ ၃၀ တွင် ရန်ကုန်အခြေစိုက် LEARN Company နှင့် စင်္ကာပူအခြေစိုက် Professionals Supremacy Corporation Pte Ltd တို့ပူးပေါင်း ကျင်းပရန်စီစဉ်နေတယ်လို့ သိရပါတယ်။
Photo - Than Aung
Learning Festival (ပညာရေးပွဲတော်) ကို အသစ် ဖွင့်လှစ်ထားတဲ့ Kaplan Myanmar University College (KMUC) Campus အတွင်း ကျင်းပပြုလုပ်မယ်လို့သိရပြီး Leadership and Management, Finance, Entrepreneurship, and Creative နှင့် Technical ကျွမ်းကျင်မှုစွမ်းရည်တွေကို ဟောပြောပို့ချသွားမှာဖြစ်ပါတယ်။
သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်ပညာရှင် တစ်ဦးစီက ၁နာရီ စာ mini-workshops များကို စက်တင်ဘာ ၂၉ ရက်နေ့ စနေနေ့နဲ့ စက်တင်ဘာ ၃၀ ရက်နေ့ တနင်္ဂနွေနေ့တွေမှာ ပို့ချပေးသွားဖြစ်ပါတယ်။
ပါဝင်တက်ရောက်လိုသူတွေက သတ်မှတ်ထားတဲ့ ဝင်ကြေးနဲ့ ၂ ရက်အတွင်းမှာ mini workshop ပေါင်း များစွာကို ကြိုက်နှစ်သက်ရာတက်ရောက်နိုင်ပါတယ်။
ယခုနှစ်တွင် PDC2018 ပွဲကို ဆက်လက်ကျင်းပဖို့ အာရှက ကျွမ်းကျင်ပညာရှင်များနဲ့ ပြည်တွင်းရှိကျွမ်းကျင်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထိုပွဲမှတစ်ဆင့် လုပ်ငန်းအဖွဲ့အစည်းများအတွင်း လိုအပ်သော အရည်အချင်း ရှိသည့် ဝန်ထမ်းများ ၊ လုပ်ငန်းလိုအပ်ချက်အရ ပို့ချရမည့် သင်တန်း နှင့် ဖွံ့ဖြိုးမှု လိုအပ် ချက်များ မှန်ကန်ကိုက်ညီ သေချာမှုရှိ စေရန်လည်း ရည်ရွယ်ထားတယ်လု့ိဆိုပါတယ်။
လုပ်ငန်းအဖွဲ့ အစည်း များအားလုံး အတူပူးပေါင်းပါဝင် မှသာ မြန်မာ့ human capital ၏အဘက် ဘက်က အရည်အသွေးကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ LEARN ကို တည်ထောင် ခဲ့သူ Valerie Badilla က ပြောပါတယ်။