သက်မွန်မြင့် တစ်ယောက် သူ့ကို ချစ်တဲ့ Fan လေးတွေနဲ့ အတူ ပျော်ပျော်ပါးပါး နေရတဲ့အတွက် အခုချိန်ထိ မရင့်ကျက်နိုင်သေးဘူးလို့ပြောပါတယ်. လက်ရှိမှာတော့ သက်မွန်က ပရိသတ် ၂၃ သိန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်.
သရုပ်ဆောင် သက်မွန်မြင့်ဟာ သူ့ကို ချစ်တဲ့ သူကလည်း ချစ်တဲ့ Fan လေးတွေနဲ့ ရှိနေရရင် ပျော်ရွှင်နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်. သက်မွန်ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ Sweet Child ဆိုင်လေး ၂ နှစ်ပြည့်တဲ့ နေ့မှာလည်း Fan တွေနဲ့ အတူ တွေ့ဆုံခဲ့သေးတဲ့အကြောင်း အခုလိုပြောပြလာပါတယ်.
'' ဘယ်ချိန်မဆို ဘယ်နေရာမဆို အမြဲ ဝန်းရံပြီး ချစ်နိုင်ကြလွန်းသူ ကျွန်မရဲ့ အဝါရောင် တပ်မတော် Yellow Hearts တချို့ တချို့ အလုပ်က ပိတ်ရက်ကို မထွက်ရလို့ video call ခေါ်င်္ပြး ငိုသူငို သူတို့လည်း ကိုယ့်ဆို ကလေးဆိုးကြီးဆိုပြီး ရစ်သမျှ ချွဲသမျှ ခံပြီး ချစ်ကြတာ အာ့ကြောင့် ကျွန်မ ခုချိန်ထိ မရင့်ကျက်တာ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.
သက်မွန်မြင့်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းမှာပဲ လူဦးရေ ၂၃ သိန်းပြည့်ခဲ့ပြီလို့ သိရပါတယ်. ဒါပေမယ့် လူဦးရေ သန်း၆၀ ကျော်မှာ ပရိသတ် ၂ သန်းပဲရှိသေးတဲ့အတွက် နည်းလွန်းတယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလိုရေးသားခဲ့ပါသေး တယ်။
'' မွန့် Page လေး like ၂၃ သိန်းပြည့်သွားပြီ!အားလုံးကို ကျေးဇူးများကြီး တင်ပါတယ်နော်! ဆက်ပြီးတော့လည်း like များအောင် ဝိုင်း Share ပေးကြ ပံ့ပိုးပေးကြပါဦး!ဒီ Page ကို official သုံးနေမှန်းမသိကြသေးတဲ့သူတွေ ရှိမယ်ထင်ပါတယ်.. Thet Mon Myint တွေကလည်း အများကြီးရှိနေတော့လေ.. လူဦးရေ သန်း ၆၀ ကျော်မှာ ၂ သန်းဆိုတော့ နည်းလွန်းနေသေးတယ် လေနော်! Please!!'' လို့ သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့တာပါ။
သက်မွန်မြင့်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးငယ်လေး လပြည့်ဝန်း ဆိုတဲ့ သားသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူပါ။ အဲ့ဒီနောက် အသက် ၂နှစ်တောင် မပြည့်သေးပဲ လည်လွန်း တတ်လွန်းတဲ့ သမီးငယ်လေး လဝန်းမေအကြောင်းပြောခဲ့ဖူးပါတယ်။
''သူက သမီး မဟုတ်ဘူး။ အမေ မွန့် အမေ တတ်လွန်း သိလွန်း ဆရာလုပ်လွန်း လူကြီးဆန်လွန်းလို့ ဒါ ၂ နှစ်မပြည့်သေး'' ဆိုပြီးတော့ လဝန်း လေး ရဲ့ စကားတတ်တဲ့အကြောင်းတွေကို သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသား ခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လဝန်း လေးနဲ့ မေမေ သက်တို့ရဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါတယ်။
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
Photo: Amazing Grace