ထွန်းကိုကို က ‘ သခင်ကြီးနဲ့ ငါးပိတို့စရာ’ရုပ်ရှင်ကားကြီးမှာ သက်မွန်မြင့်နဲ့ ရွှေသမီးတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကြောင်းပြောလာပါတယ်။ သူကလည်း ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပါတယ်တဲ့။
Photo: Tun Ko Ko
ထွန်းကိုကိုပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့ မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် သက်မွန်မြင့် နဲ့ ရွှေသမီးတို့ အားပြိုင်သရုပ်ဆောင်မှုတွေအကြောင်းကို မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
Photo: Tun Ko Ko
‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်ရင်ထဲကို ကျန်ခဲ့စေမယ့် ရုပ်ရှင်ကားကြီးတစ်ကားပါ။ ဒီဇာတ်ကားကို ဒါရိုက်တာစတီးလ် က ရိုက်ကူးပုံဖော်ထားတယ်လို့ ထွန်းကိုကိုက ဆက်လက်ပြောပြခဲ့ပါတယ်။
‘’ဒီဇာတ်ကားမှာ မသက်မွန်လည်း အကောင်းဆုံး ကြိုးစားသလို၊ ရွှေသမီးလည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ နေရဲ ကလည်း တကယ့်ကိုအပီအပြင်ကြိုးစားထားတာပါ။ ဇာတ်ကား နာမည်ကလည်း ဆန်းတယ် ‘သခင်ကြီးနဲ့ ငါးပိတို့စရာ’ ပေါ့နော်။ ပရိသတ်တွေလည်း ထမင်းကောင်း၊ ဟင်းကောင်းတွေ စားနေရတာဆိုတော့ ဒီဇာတ်ကားလေးကိုလည်း အားပေးစေချင်ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Tun Ko Ko
ထွန်းကိုကိုအတွက်တော့ ဒီရုပ်ရှင်ဇာတ်ကားဟာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါလို့ သူကဆိုပါတယ်။
‘’သခင်ကြီးနဲ့ ငါးပိ တ့ိုစရာ ဇာတ်ကားမှာ ကျွန်တော်ရယ်၊ နေရဲရယ်၊ မသက်မွန်ရယ်၊ ရွှေသမီးရယ် ဆုံကြတယ်ပေါ့နော်။ ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားဆိုပေမယ့် ဇာတ်ကတော့ မင်းသမီးဇာတ်ပေါ့နော်။ မသက်မွန်ကိုဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြတာများပါတယ်။ ကာရိုက်တာကတော့ အရင်တုန်းက ပရိသတ်တွေ အားပေးခဲ့တဲ့ ရဲ ကာရိုက်တာနဲ့ပဲ တွေ့ရမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ asia new star model contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။