ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာ‌တွေကို လှူလိုက်တာပါ။

ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာရှိတဲ့ ရပ်ကွက် ၄ရပ်ကွက်မှာ ရွာ ၁၁ ရွာရှိပြီး လူဦးရေ၆သောင်းကျော်ရှိပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်တွေဖြစ်တဲ့ သရက်တောင်(တောင်)နှင့်(မြောက်)ရပ်ကွက်တွေက သူတို့အတွက် ရတဲ့ နိုင်ငံတော်ရဲ့ ထောက်ပံ့စားနပ်ရိက္ခာတွေကို မယူတော့ပဲ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ ရှိတဲ့ အိမ်ထောင်စုတွေအတွက် ပြန်လည်လှူဒါန်းလိုက်ပါတယ်။



“ကျွန်တော်ဒီနေ့ပဲ ရပ်ကွက်ကို ကြေညာပါတယ်။ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ တိုင်ပင်ပြီး ကျွန် တော်တို့ ရပ်ကွက်အတွက် ရတဲ့ထောက်ပံ့စားနပ်ရိက္ခာကို တစ်ဖက်ကမ်းက အိမ်ထောင်စုတွေအတွက် ပြန်လည်လှူဒါန်း လိုက်တာပါ။ ဒါ့ပြင် နောက်ထပ်လည်း အလှူရှင်တွေ ဖိတ်ခေါ်ပြီး ထပ်မံ လှူဒါန်းပေးနိုင်ဖို့ ကြိုး ပမ်း နေပါတယ်။”လို့ သရက်တော(တောင်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က Duwun ကို ပြောပါတယ်။

သရက်တောင်(တောင်)ရပ်ကွက်မှာတော့ အိမ်ထောင်စု ၁၆၆ စု ကောက်ခံရရှိထားပြီး ၁၆၆ ဦးစလုံးရရှိမယ့် ထောက်ပံ့ စားနပ်ရိက္ခာတွေကို ပြန်လည်လှူဒါန်းသွားမှာပါ။

အလားတူပဲ သရက်တော(မြောက်)ရပ်ကွက်မှာလည်း အိမ်ထောင်စု ၉၀လောက်စာရင်းကောက်ခံရရှိထားပြီး သူတို့အားလုံးကို နိုင်ငံတော်က ထောက်ပံ့မယ့် စားနပ်ရိက္ခာတွေကို မယူတော့ပဲ တစ်ဖက်ကမ်းက အိမ်ထောင်စု တွေကို လှူဒါန်းသွားမှာပါ။

“ကျွန်တော်တို့(မြောက်)ရပ်ကွက်မှာတော့ စားနပ်ရိက္ခာထောက်ပံ့ဖို့ လိုအပ်တဲ့အိမ်ထောင်စု ၉၀ စုလောက်ရှိပါ တယ်။ဒါပေမယ့် ကျွန်တော်တို့ ရပ်ကွက်က သူတို့ရမယ့် နိုင်ငံတော်က ထောက်ပံ့မှုကို မယူတော့ဘဲ ရပ်ကွက်ထဲက နေပြန်လည်စုပေါင်းပြီး ထောက်ပံ့ပေးလိုက်ပါတယ်။ သူတို့လည်း ထောက်ပံ့မှုကို ရမယ်၊ တစ်ဖက်ကမ်းက အိမ် ထောင်စုတွေကိုလည်း လှူနိုင်တဲ့ သဘောပါ”လို့ သရက်တော(မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က Duwun ကို ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာ ရပ်ကွက်စုစုပေါင်း ၂၂ရပ်ကွက်ရှိရာမှာတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ၄ရပ်ကွက် ရှိပြီးရွာပေါင်း ၁၁ရွာ ရှိပါတယ်။ ဒီဘက်ခြမ်းမှာတော့ ရပ်ကွက် ၁၈ ရပ်ကွက်ရှိပြီး ၂ရပ်ကွက်ကတော့ ရပ်ကွက် အလိုက် လှူဒါန်းတာ ဖြစ်သလို အိုးဘိုရပ်ကွက်မှာလည်း အိမ်ထောင်စု ၃၂စုကောက်ခံထားရာမှာ အိမ်ထောင်စု ၄ စုက မယူတော့ပဲ ပြန်လှူတယ်လို့ သိရပါတယ်။

ဒါ့အပြင် စျေးကြီးအရှေ့ရပ်ကွက်မှာလည်း အိမ်ထောင်စု ၁၈စုကောက်ခံထားရာမှာ တစ်စုက မယူတော့ဘဲ ပြန်လှူတယ်လို့ သိရပါသေးတယ်။

အခြားရပ်ကွက်တွေမှာလည်း လှူဒါန်းမှုတွေ ရှိနေပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ညှိနှိုင်းဆောင်ရွက်နေတယ် လို့သိရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အခြားသော တိုင်းနှင့်ပြည်နယ်တွေမှာလည်း ရပ်ကွက်၊ကျေးရွက်အလိုက် နိုင်ငံတော်ရဲ့ ထောက် ပံ့မှုကို မယူတော့ပဲ ပြန်လည်လှူဒါန်းမှုတွေရှိနေခဲ့ပြီး ဒီအပေါ်မှာတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်‌ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဝမ်း‌‌မြောက်ဝမ်းသာရှိနေပြီး အားတက်ဖွယ်လို့ ဒီနေ့(ဧပြီ ၁၀) မနက်ပိုင်းက ရှမ်း ပြည်နယ်က ပြည်သူတွေနဲ့ အွန်လွန်း စကားဝိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က