ပုံမှန်ဈေးနှုန်းပါပဲ။
ယခုနှစ်မဟာသင်္ကြန်မှာ နေရပ်ဒေသအသီးသီးကို ပြန်ကြမယ့် ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေစေဖို့ အတွက် မြန်မာ့မီးရထားကနေ သင်္ကြန်အထူးရထားတွေ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

Photo - Zaw Lwin



သင်္ကြန်အထူးရထားကို ရန်ကုန်ကနေ မန္တလေးကို ဧပြီလ(၈)ရက်နေ့က (၁၃)ရက်နေ့အထိနဲ့ သင်္ကြန်အပြီး ဧပြီလ(၁၈) (၁၉)ရက်နေ့တွေမှာ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာမီးရထားကသိရပါတယ်။

မန္တလေးကနေ ရန်ကုန်ကို လာမယ့် သင်္ကြန်အထူးရထားတွေကိုတော့ ၂၀၁၉ခုနှစ် ဧပြီလ(၉) (၁၀) (၁၁) (၁၃) ရက် နေ့တွေနဲ့ သင်္ကြန်အပြီး ဧပြီလ (၁၇) (၁၈) (၁၉)ရက်နေ့တွေမှာ ပြေးဆွဲပေးမှာဖြစ်ပါတယ်။

သင်္ကြန်ပိတ်ရက်အတွင်း ဝန်ထမ်းများသွားလာမှု အဆင်ပြေစေရေးအတွက်လည်း ဧပြီ ၁၂ ရက် နေ့မှာ နေပြည်တော်ကနေ ရန်ကုန်သို့၊ ဧပြီ ၁၇ ရက်နေ့မှာရန်ကုန်ကနေ နေပြည်တော်ကို ဝန်ထမ်းအထူးရထားကို ပြေးဆွဲပေးမယ်လို့ဆိုပါတယ်။

ရန်ကုန်နဲ့ မန္တလေးကနေ ပြေးဆွဲပေးမယ့် သင်္ကြန်အထူးရထားတွေကို ညနေ(၄)နာရီမှာ စတင်ထွက်ခွာပေးမည်ဖြစ်ပြီး နောက်တစ်နေ့ မနက် (၆)နာရီမှာ ခရီးဆုံးဘူတာသို့ ရောက်ရှိမှာဖြစ်ပါတယ်။ လမ်းခရီးရပ်တန့်ပေးမယ့် ဘူတာတွေကတော့ တိုးကြောင်ကလေး ပဲခူး တောင်ငူ ပျဉ်းမနား နေပြည်တော်နဲ့ သာစည်ဘူတာတို့ဖြစ်တယ်လို့ မြန်မာ့မီးရထား၊ သွားလာ ပို့ဆောင်ရေးဌာန၊ တိုင်း(၇) မန်နေဂျာ ဦးဇော်လွင် ထံကနေ သိရပါတယ်။

Photo - Zaw Lwin

ရထားလက်မှတ်ခများကို ယခင်ဈေးနှုန်းအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ရောင်းချပေးသွားမည် ဖြစ်ပြီး လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ယခုနှစ်သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံး လမ်းပိုင်းအတွက် ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေဖို့အတွက် ရထားတွဲဆိုင်း(၈)ဆိုင်းနဲ့ ရထားစီးရေ (၉၀)စီး နေ့စဉ် ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က